🦋 28 🦋

3.6K 458 31
                                    

ရဲတိုက်ကြီးထံမှ ခပ်မြန်မြန်ထွက်၍ အသင့်စောင့်ဆိုင်းနေသည့် မြင်းကြီးနှင့်အတူ မြို့ရိုးဆီသို့ ကောင်းယံရောက်ရှိခဲ့ပြီး မြို့ရိုးအပေါ်မှ အောက်ဘက်လှမ်းလှမ်းဆီသို့ ကြည့်လိုက်သည့်အခါ မမျှော်လင့်ထားသည့် မြင်ကွင်းတစ်ခုကစောင့်ကြိုနေခဲ့သည်။

မျက်စိတစ်ဆုံးမြင်တွေ့ရသည့် မြင်းတပ်၊ချေလျင်တပ်၊မြားတပ်၊လှံတပ်များ။ ထိုစစ်မက်များဧ။်ရှေ့တွင် ချပ်ဝန်တန်ဆာအပြည့်အစုံဝတ်ဆင်ထားပြီး နက်စိုနေသည့်မြင်းအကြီးတစ်ကောင်ပေါ် ထိုင်နေသည့် အန်ချီဧ။်အိမ်ရှေ့မင်းသား Elroy ။ အကြည့်များက မြို့ရိုးထိပ်ဆီသို့ရောက်ရှိနေပြီး မိမိကိုမြင်သည်နှင့် ဤကဲ့သို့ဆိုလာသည်။

"မိုခီတာရဲ့အိမ်ရှေ့စံမင်းသား အိုင်းဆက်ဟာရိုးကန်းထရစ်နဲ့ ကျုပ်​တွေ့လိုပါတယ် စစ်သူကြီး Kingsley"

"ဒီအချိန်ဟာ အနားယူချိန်ဖြစ်ပါတယ် မင်းသား Elroy ။ ပြောလိုတာများရှိရင် ကျုပ်ကနေတစ်ဆင့် မှာကြားနိုင်ပါတယ်"

"တိုင်းပြည်ရေးရာကိစ္စပါ စစ်သူကြီး"

"တိုင်းပြည်ရေးရာကိစ္စဟာ  တိုင်းပြည်ရဲ့ဦးသျှောင်ဘုရင်နဲ့ ပြောရမှာပါ။ ကန်းထရစ်မင်းကြီး ပြန်မရောက်ရှိသေးကြောင်း ဧည့်တွေ့ခွင့်ပိတ်ထားတဲ့ မင်းသား Elroy က ကျုပ်မပြောရင်တောင် သိနေနှင့်မှာပါ။ ဒါကြောင့် ကျုပ်တို့ဘုရင်ပြန်ရောက်လာမှ ထပ်မံလာတွေ့လှည့်ပါ"

"ကျုပ်အတွက် ကန်းထရစ်မင်းကြီးနဲ့ ​တွေ့စရာမလိုအပ်လှဘူး ။ ဒါ​ကြောင့် မင်းသားအိုင်းဆက်ကိုသာ ​တွေ့လို့ပါတယ်"

"ကျုပ်ပြောပြီးပြီပဲ ဒီအချိန်က..."

"နားနေချိန်ဆိုပေမယ့် ကိုယ့်တိုင်းပြည်ကို စစ်ကြေငြာဖို့ရောက်ရှိလာတယ်ဆိုရင် မင်းသားအိုင်းဆက်က ချက်ချင်းတွေ့ဆုံပေလိမ့်မှာမို့ စစ်သူကြီး သွားရောက်လျှောက်ထားပေးဖို့သာ လိုအပ်ပါတယ်"

"ဒီအချိန်က မသင့်သေးတာကြောင့် မင်းသား Elory နောက်မှ ထပ်လာခဲ့ပါ"

မိမိစကားဆုံးသည့်အခါ မင်းသား Elroy က အသံနက်ကြီးဖြင့် ရယ်မောနေသည်မှာ ​တော်တော်နှင့်မရပ်တန့်ပေ။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now