🦋 22 🦋

4.2K 500 25
                                    

"အရှင်မင်းကြီးကို ကျွန်​တော်မျိုး ဂါရဝပြုပါတယ်"

ကန်းထရစ်မင်းကြီးမှာ သူဧ။်အရှေ့ဒူးထောက်၍ ဂါရဝပြုလာသည့် မှတ်တမ်းမှူးအား မည်သည့်စကားမှမဆို စိုက်ကြည့်နေခဲ့သည်။ မင်းကြီးထံမှ ဘာအသံမှမကြား၍ထင့် မှတ်တမ်းမှူးက မော်ကြည့်လာကာ စူးရဲစွာစိုက်ကြည့်နေသည့် သူဧ။်မျက်လုံးအကြည့်နှင့်ဆုံသည့်အခါ တည်ငြိမ်စွာပင် မျက်လွှာအသာချသွားသည်။

"မှတ်တမ်းမှူးကြီး ငါ့ဆီမှာတာဝန်ထမ်းဆောင်တာ မည်မျှလောက်ရှိနေပြီလဲ"

"ရေတွက်ဖို့တောင်ခက်လှပါတယ် အရှင်မင်းကြီး"

"ဒါဆို နှစ်အတော်ကြာမြင့်ခဲ့ပြီပေါ့"

"မှန်ပါတယ် အရှင်မင်းကြီး"

"တိုင်းပြည်တခုမှာ လိုအပ်လို့ချမှတ်ထားတဲ့ စည်းမျဉ်း​တွေဆိုတာ ချိုး​ဖောက်ဖို့ရာ မသင့်​ပေဘူး။ တိုင်းသူပြည်သာတွေသာမက အခြားတိုင်းပြည်တွေကပါ လိုက်နာထားတဲ့ ငါ့ရဲ့အမိန့်ကို မိုခီတာရယ်လို့ မစတင်ခင်ကတည်းက ရှိနေခဲ့တဲ့ မင်းကဖောက်ဖျက်လိုက်လေသလား"

ထိုသို့ဆိုလိုက်လျှင် လန့်ဖျန့်စွာတုံ့ပြန်လာလိမ့်မည်ဟု ကန်းထရစ်မင်းကြီး ထင်ထားခဲ့သော်လည်း မှတ်တမ်းမှူးကတုတ်တုတ်မှပင်မလှုပ်၊ အတန်ကြာသောအခါ

"အရှင်မင်းကြီးရဲ့ ဆိုလိုရင်းကို ကျွန်တော်မျိုးနားမလည်ပါဘူး"

"မာတန်ဘုရင်ကြီးနဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးရဲ့ အကြောင်းတွေနဲ့ ရုပ်ပုံကားချပ်တွေကို အိုင်းဆက်မြင်သွားသိသွားတာ ဘယ်လောက်ကြာမြင့်သွားပြီလဲ"

"ရက်သတ္တပတ် ဆယ်ပတ်ခန့်ရှိလောက်ပါပြီ အရှင်မင်းကြီး"

"ဒါတောင်မှပဲ မင်းရဲ့အမှားကို မသိသေးဘူးလား။ ဒါတွေကို ထိန်းသိမ်းထားတာ မင်းတစ်ယောက်တည်းထံမှာ၊ အခုအဲ့ဒါတွေကို အိုင်းဆက်သိသွားပြီဆိုတော့ မင်းကငါ့အမိန့်ကို ချိုးဖောက်ပြီးပြလိုက်တာမဟုတ်ရင် ဘာရှိပေဦးမှာလဲ"

".............."

"အပြစ်ဒဏ်ကိုခံယူဖို့အသင့်လား မှတ်တမ်းမှူး"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now