🦋 8 🦋

5.3K 694 70
                                    

"မင်းက Kingsley မဟုတ်ဘူး ။ မင်း ဘယ်သူလဲ"

မျက်မှောင်တွေတွန့်ချိုးထားကာ တင်းမာနေသည့် မျက်နှာထား၊ အက်ရှကာမာန်ပါနေသည့် ​လေသံနှင့် လည်မျိုကိုထိလုထိခင်ဓားအဖျားကြား ကောင်းယံမှာသွေးကြောတွေအကုန်တုံ့ဆိုင်းနေသည့်နှယ်။

"အရှင့်သား ဘာတွေပြောနေတာပါလဲ"

"ငါ့ကို လိမ်လည်ဖို့မကြိုးစားနဲ့ မင်း ဘယ်သူလဲ"

"အရှင့်သား"

"ပြောစမ်း!!!"

အသံအကျယ်ကြီး ထွက်ပေါ်လာပြီးနောက် အနည်းငယ်ပျက်ယွင်းသွားသည့် မင်းသားအိုင်းဆက်ဧ။် ခန္ဓာကိုယ်အနေအထားအရ ဓားဖျားလေးက နေရာရွေ့ကာ လည်ပင်းအသားကိုထိစပြုလာပြီး စပ်ဖျဉ်းဖျဉ်းခံစားချက်ကို စတင်ခံစားလာရသည်။ ဘာကြောင့် ဒီလိုပြောရတာလဲ၊ ဘာကြောင့် ဒီလိုမေးရတာလဲ၊ ဘယ်အချက်ကိုကြည့်ပြီး ငါက သူဧ။်အစောင့်အရှောက်ဖြစ်သည့် Kingsley မဟုတ်သည်ကို သိနေတာလဲဟူသော ​မေးခွန်းများက ခေါင်းထဲတရစပ်ဝင်လာကာ တခွန်းမှကိုပြန်မဖြေလေတော့ မင်းသားအိုင်းဆက်မှာ ဓားလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

တဖက်လူမှာ တိုင်းပြည်ဧ။်အိမ်​ရှေ့စံ မင်းသားတစ်ပါးဆိုသည်ကို ကောင်းစွာသိနေသည့်တိုင် မိမိဧ။်အသက်ကို ရန်ပြုရန်ကြိုးစားလာပြီမို့ ကောင်းယံမှာ မင်းသားသော ဘာသောနားမလည်​တော့၊ ကိုယ်တိုင်ကလဲ သက်တော်စောင့်ပေမို့ မည်သို့ တန်ပြန်တိုက်ခိုက်ရမည်ကို ကောင်းစွာနားလည်ထားသည်။

မင်းသားအိုင်းဆက်မှာ လွှဲခုတ်တော့မယ်နှယ် ဟန်ပြင်ကာ လက်ကိုအားယူလွှဲလိုက်ချိန်ကို ကောင်းယံအသုံးချ၍ ကိုယ်ကိုယို့ရှောင်ပြီး လက်တဖက်က ဓားကိုင်ထားသည့် မင်းသားအိုင်းဆက်ဧ။် လက်ကောက်ဝတ်ကိုဖမ်းဆုပ်၍ မိုးပေါ်ဆွဲထောင်ကာ အားသုံးလှည့်လိုက်သည့်အခါ လက်ကောက်ဝတ်လိမ်သွားခြင်း​ကြောင့် ဓားကိုင်ထားသည့်လက်က မမြဲတော့။ ကြမ်းပြင်ဆီသို့ ​ဒေါက်ခနဲ ဓား​ပြုတ်ကျလာသည်နှင့် ခပ်ဝေး​ဝေးသို့ ခြေထောက်ဖြင့်ခပ်ထုတ်လိုက်သည်။

ထို့အပြင် မင်းသားဧ။် ကျန်လက်တဖက်ကိုလဲ ဖမ်းဆွဲကိုင်ကာ မိမိရင်ဘတ်ဆီသို့ ကပ်ထားလိုက်ရာက လွှတ်လိုက်ပြီး အ​နောက်ဘက်သို့ အားအနည်းငယ်သုံး၍ တွန်းလိုက်သည်နှင့် အားအင်ဆုတ်ယုတ်​နေသည့် မင်းသားအိုင်းဆက်မှာ အနေအထား လုံးဝပျက်ယွင်းသွားပြီး အိပ်ရာအနီးသို့ ပက်လက်ပစ်ကျသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now