🦋 15 🦋

4.5K 586 62
                                    

"Aldous"

နာမကျန်းလူနာများ ရှင်းလင်းစပြုချိန် အသံပြုလိုက်သည့်အခါ Aldous ကမော်ကြည့်လာခဲ့ပြီး အိုင်းဆက်ကိုမြင်သည့်အခါ ထိုင်နေရာမှထ၍ အနားသို့လျှောက်လာခဲ့သည်။

"မင်းသား အိုင်းဆက်"

"မင်းနဲ့ငါက အသက်လဲတူညီနေတယ် ။ အခုလို ရဲတိုက်​တွေရဲ့ပြင်ပဆီမှာ​တော့ အဆောင်အယောင်တွေမထည့်ပဲ ပြောဆိုကြမယ်ဆို ပိုမကောင်းပေဘူးလား "

"မင်းသားရဲ့သဘောအတိုင်းပါ။ ဘယ်နေ့ကရောက်နေတာလဲ ။ ဘာမှလဲမပြောပဲ ဘယ်မှာနေနေခဲ့သလဲ"

"သာမာန်ပြည်သူတစ်ဦးအနေနဲ့ လည်ပတ်ချင်လို့ရောက်လာခြင်းပါ။ ယမန်​နေ့က​ရောက်ခဲ့ပြီး အရာအားလုံးအဆင်ပြေ​ပေတယ်"

"ရေနွေးကြမ်းသောက်မလား အိုင်းဆက်။ စစ်သူကြီးလဲထိုင်ပါ။ ငါတို့ဆီက ရေနွေးကြမ်းက အရသာသိပ်ရှိလှတာနော်"

Aldous ခေါ်ဆောင်ရာစားပွဲလေးထံ အိုင်းဆက်တို့ဝင်ထိုင်၍ ကမ်းပေးလာသည့် ​ရေနွေးကြမ်းခွက်လေးမှ အရည်များသည် နီညိုရောင်အရည်ကြည်တစ်ဝက်၊ အပြာရောင်အရည်ကြည် တစ်ဝက်ဖြစ်နေခြင်းကို Kingsley မှာ အံ့သြတကြီးဖြစ်နေကာ ခွက်ကိုမြှောက်ကြည့်သည့်အခါ Aldous ကရယ်သည်။

"စစ်သူကြီး အံ့သြနေတာပါလား။ ငါတို့ ကီရာတို့ရဲ့နယ်မြေက ရေတွေနဲ့ ​ဆေးမြစ်ဆေးပင်တွေက ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာကို သိရဲ့သားနဲ့"

"ငါ့ရဲ့ Kingsley က မြားဒဏ်ရာကနေ ပြန်သတိရလာပြီးနောက်ပိုင်း အဆိပ်ရဲ့ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် အ​ကြောင်းအရာ​တွေ၊ လူပုဂ္ဂိုလ်​တွေကို မေ့လျော့နေတယ် Aldous"

"အို စိတ်မကောင်းလိုက်တာ။ ဆေးတစ်ဖုံလောက်စပ်ပြီးရင် မိုခီတာကိုပို့ပေးလိုက်ပါမယ် "

"မင်းသား Aldous ကျွန်တော်မျိုးတခုလောက် ​မေးခွင့်ရှိမလား"

"စစ်သူကြီးမေးချင်သမျှ တခုမက ​မေးမြန်းနိုင်ပါတယ်"

"ရေနွေးကြမ်းထဲမှာ ဘယ်လက်ဖက်ခြောက် ခပ်ထားတာလဲ"

"လက်ဖက်ခြောက်..."

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now