🦋 4 🦋

6.7K 744 51
                                    

"Kingsley က သက်သာသလိုနေပါ"

ခပ်သြသြဖြင့် မာန်ပါကာ ဆွဲဆောင်မှုအပြည့်ရှိသည့် အသံ၊ ထိုအသံနောက်မှာ မိမိသည်လည်း အလိုအလျောက် နာခံသွားမိကာ တုပ်တုပ်မျှပင်မလှုပ်တော့။ မင်းသား Isaac ကတော့ မိမိထံမှအကြည့်ရွှေ့ကာ သမားတော်ထံသို့ပို့လိုက်သည်။

"သမားတော်ကြီး Kingsley ရဲ့ကျန်းမာရေးက စိတ်ချလို့ရပြီလား"

"လျှောက်တင်ပါတယ် အရှင့်သား ။ စစ်သူကြီးရဲ့ ခန္ဓာကိုယ်အတွင်းမှာ အဆိပ်တွေမရှိတော့တဲ့အတွက် အသက်ဘေးအန္တာရယ်ကနေ လွတ်မြောက်ခဲ့ပါပြီ"

"အင်း မင်းရောတကယ်ပဲ ​နေရတာသက်သာရဲ့လား Kingsley"

ရုတ်တရက်ကြီး မိမိထံ မေးလာသည့်အချိန်မှာတော့ ကောင်းယံမည်သို့ဖြေရမည်မသိ။ လွန်ခဲ့သောအနှစ်၇၀၀ကျော်ကို ပြန်ရောက်နေပြီး မိမိဧ။် Nickname နှင့် တူနေခဲ့သည့် မင်းသားအိုင်းဆက်ဧ။် အစောင့်အရှောက် သံချပ်ကာခေါင်းဆောင် Kingsley ရဲ့ ကိုယ်ခန္ဓာမှာနိုးထလာသည်ဆိုသော အသိနဲ့တင် လူကထူပူနေသည်။ ပို၍ဆိုးသည်က မင်းသားအိုင်းဆက်အကြောင်းနှင့် တိုင်းပြည်ကြီးအကြောင်းကိုလဲ သေချာမသိ၊ ဖတ်ခဲ့ရသည့်စာတချို့နှင့် ဖခင်ဖြစ်သူပြောပြသလောက်ကိုသာ သိထားခဲ့သည့် ဤကာလအနေအထားမှာ ကောင်းယံမနေလိုပေ။ ဘယ်လိုလုပ်ရင် မိမိနေရာမှန်ကို ပြန်ရောက်လိမ့်မည်လဲဆိုသည့် အဖြေကိုသာရှာရမည်။ မိမိထံကပြန်ဖြေသံမကြား၍ထင့်

"Kingsley"

ဟု မင်းသားအိုင်းဆက်က အသံထပ်ပြုလာတော့မှ အသိတရားက ပြန်ကပ်လာသည်။

"ရက်ကြာနေခဲ့ပြီမို့ ကျည်ဒဏ်ရာက ပျောက်သွားပါပြီ"

"ကျည်..."

"ဓား....ဓားဒဏ်ရာပြောတာပါ"

"ဓား...Kingsley မင်း တကယ်ရော သက်သာတာဟုတ်ရဲ့လား"

"မြှား....မြှားကိုပြောတာပါ မင်းသား..အဲ...အရှင့်သား။ ကျွန်တော်....မျိုး မှားပြောမိတာပါ"

2022 မှာ ကျည်မှန်ခဲ့တာမှန်သော်ငြား 1256 ခုနှစ်မှာတော့ ဘာကြောင့်မိမိလဲနေမှန်း မသိထားလေတော့ ခေါင်းထဲပေါ်ရာ လက်နက်အမျိုးအမည်​တွေ တန်းစီရေရွတ်နေရသည်။ တမျိုးပြောလိုက် ဒီဘက်ခေတ် Kingsley ဆိုသူရဲ့လူတွေထံက ဟာခနဲဟင်ခနဲ အာမေဋိတ်သံတွေကြားလိုက် ပြန်ပြင်ပြောလိုက်ဖြင့် မှန်သွားခဲ့သည့်တိုင် မင်းသားအိုင်းဆက်ကတော့ သေချာစွာကြည့်နေဆဲပင်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋حيث تعيش القصص. اكتشف الآن