🦋 33 🦋

3.5K 394 44
                                    

မိုးသောက်ယံသို့ ရောက်ရှိလုပြီဖြစ်၍ထင့် အအေးဓာတ်ကသိသိသာသာပိုကဲလာသည်။ မျှော်စင်ရင်ပြင်သည်ကား အမြင့်ဆုံးတွင်တည်ရှိသလို အကာအရံများလဲမရှိလှသည်မို့ ပို၍ အအေးပိုလှသည်။ တစ်ညလုံးထိုင်နေရာမှ မိုးသောက်ယံတွင်ကျမှ ထိုင်လျက်လေး အိပ်ပျော်သွားခြင်းကြောင့် တစ်ကိုယ်လုံးတောင့်တင်းနေခြင်းကို ပြေလျော့စေဖို့ရာ အိုင်းဆက်အသာထရပ်ကာ ခါးဆန့်လိုက်ဧ။်။ မိမိဧ။်တစ်ဖက်ခြင်းမလှမ်းမကမ်းတွင် တိုင်တိုမှီ၍အိပ်ပျော်နေသော ကောင်းယံ။

ခြေလှမ်းကိုဖွလျှောက်ကာ သူဧ။်ရှေ့တွင်အသာထိုင်လိုက်သည်။ မျက်တောင်စင်းစင်းလေးများ၊ ညိုမောင်းသည့်အသားအရည်၊ ပါးရိုးကျကျနှင့် ကောင်းယံက ခန့်ညားသောအသွင်ကို​ဆောင်ဧ။်။ မိမိအနှစ်သက်ဆုံးကိုပြောပါဆိုလျှင် ညိုစိမ့်စိမ့်နှုတ်ခမ်းတစ်စုံနှင့် ရယ်မောလိုက်တိုင်းအစီအရီ စီတန်းပေါ်လာသော သွားတန်းလေးများပင်ဖြစ်ဧ။်။ နှုတ်ခမ်းကိုစေ့ထားခြင်းကြောင့် သွားတန်းလေးများကိုမမြင်ရသော်ငြား မက်မောရသည့် ညိုစိမ့်စိမ့်နှုတ်ခမ်းတွေကတော့ အကာအကွယ်မရှိ ထင်းထင်းကြီးပေါ်နေခဲ့သည်။

"ကျွန်တော်မျိုးရဲ့ ခန့်ညားမှုမှာနစ်မြောနေပါပြီလား အရှင့်သား"

မျက်လုံးမဖွင့်လာပဲ ခပ်တိုးတိုးဆိုလာသည့် ​ကောင်းယံဧ။်စကားသံကြောင့် အိုင်းဆက်တွန့်သွားသော်လည်း လန့်ဖျန့်ခြင်းတော့မရှိ။ အဘယ်ကြောင့်ဆိုသော် ​ကောင်းယံသည်လည်း သူလာခဲ့ရာ​နေရာမှာ အစောင့်အရှောက် တာဝန်ထမ်းဆောင်​နေသူပေမို့ ဤမျှလောက်တော့ ပါးနပ်ပေလိမ့်မည်။

"ညိုစိမ့်နေတဲ့ ဒီနှုတ်ခမ်းတစ်စုံက ငါ့ကိုစွဲဆောင်ပေလွန်းနေရော့တယ် "

"နမ်းရှိုက်ချင်ပါသလား အရှင့်သား"

ဟု ဆို၍ ဖြည်းညင်းစွာဖွင့်ဟလာသည့် မျက်ဝန်းတစ်စုံနှင့်အတူ နှုတ်ခမ်းလေးများကွေးတက်လာကာ မိမိဧ။်မျက်နှာအနီးသို့တိုးကပ်လာသည့် ကောင်းယံကို အိုင်းဆက်မရှောင်မိ။ ထို့ကြောင့်မိမိဧ။်နှုတ်ခမ်းသားများသည် စုပ်ယူထွေးခြင်းကို ခံလိုက်ရလေသည်။ အလိုက်သင့်တုံ့ပြန်ရင်းက ကောင်းယံသည် မိမိအသက်ရှုပ်ကြပ်လာသည်အထိကို ဦးဆောင်နမ်းရှိုက်၍ အပြုံးမပျက်ခြင်းကြောင့် တမင်လုပ်ယူနေကြောင်းကို အိုင်းဆက်သိရှိလိုက်သည့်အခါ သူဧ။်အောက်နှုတ်ခမ်းလေးကို ပြန်ဖိကိုက်လို့ထားလိုက်သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Kde žijí příběhy. Začni objevovat