🦋 23 🦋

3.9K 486 38
                                    

တောအုပ်တင်မဟုတ် တောင်ကြိုတောင်ကြားပါမကျန် သွားလာရခြင်းကြောင့် မြင်းများမယူလာမိသည့်အပေါ် အိုင်းဆက်နောင်တရမိသည်။ ကောင်းကင်ပေါ်သို့ ထင်ဟပ်နေသည့်မီးရောင်များက ရဲသထက်ရဲလာပြီး ​ကြောက်လန့်တကြား ​အော်ဟစ်သံများကို တစထက်တစ ကျယ်လာသည့်အခါ မြန်နိုင်သမျှမြန်အောင်ပြေးကာ ထိုနေရာသို့ရောက်ရှိသည့်အခါ အိုင်းဆက်ဧ။်ခြေလှမ်းများက ရပ်သွားခဲ့ပြီး ပါးစပ်ပင် အဟောင်းသားပွင့်သွားရချေသည်။

မှတ်တမ်းထဲတွင်တွေ့လိုက်ရသည့် ဒဏ္ဍာရီလာ သတ္တဝါကြီးဧ။် ရုပ်ပုံကားချပ်နှင့် ထပ်တူထပ်မျှတူနေသည့် သတ္တဝါကြီးက ရွာငယ်လေးအားမီးဖြင့်မှုတ်ကာ စိတ်တိုင်းကျဖျက်ဆီးနေဧ။်။ ဦးတည်ရာမဲ့ ပြေးလွှားနေသည့်ရွာသားတွေမှာလဲ လွတ်လမ်းက​တော့ ရှိမ​နေ​ပေ။ တချို့ရွာသား​တွေမှာ သတ္တဝါကြီး ​ကောက်ယူစားသုံးခြင်းခံရပြီး တချို့ရွာသားများကိုတော့ ထိုသတ္တဝါကြီးက သူဧ။်အမြီးဖြင့်ခတ်ထုတ်ကာ ခတ်ထုတ်ခံရသူများသည်လည်း အဝေးကြီးသို့လွင့်ထွက်ကုန်ကာ ထတောင်မထနိုင်ကြရှာပေ။

အကြောက်လွန်ကာ မပြေးနိုင်တော့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မထနိုင်တော့သည့်ရွာသားတွေမှာတော့ သတ္တဝါကြီးဧ။် ရက်စက်စွာနင်းခြေခြင်းကို ခံကြရဧ။်။ ထိုသတ္တဝါကြီးမှာ သူဧ။်မီးများကြောင့်ပျက်ဆီးသွားသည့် အရာဝထ္ထုတွေကိုကြည့်ကာ လူတစ်​ယောက်သဖွယ်ပျော်ရွှင်နေပြီး တစ်​ယောက်​ယောက်ကိုစားပြီးတိုင်း၊ တစ်​ယောက်​ယောက်ကို နင်း​ခြေပြီးတိုင်း ​ခြေနှစ်ဖက်ကို ဘယ်ညာ​ဆောင့်ချကာ​ခေါင်းကို ဟိုဘက်ဒီဘက်ယမ်း၍ ပျော်မြူးနေသည့်ဟန်ပန်ကြောင့် အိုင်းဆက် မည်သို့အဓိပ္ပယ်ဖွင့်ဆိုရမည်လဲကိုတောင် မသိတော့ပေ။

နံဘေးနားလှည့်အကြည့်မှာ Kingsley ကလွဲပြီး Elroy တို့လူစုကိုမတွေ့ရတော့ပေ။ ပြေးလွှား​နေကြသည့်ရွာသားတစ်ချို့ကို ကူညီရန်သွား​နေသလားလဲ အိုင်းဆက်သေချာမကြည့်နိုင်တော့။ နောက်ကျောဘက်ရှိ မြားအိတ်ထဲမှ ဌက်​မွှေးတပ်မြားတစ်​ချောင်းကို ထုတ်ယူလိုက်ကာ သတ္တဝါကြီးဧ။် လည်မျိုတည့်တည့်ဆီ ပစ်လွှတ်လိုက်တော့သည်။ အချိန်အဆမှန်ကန်စွာ ပြေးဝင်သွားသော်လည်း မြားက သတ္တဝါကြီးဧ။် အ​ကြေးခွံကို ​ဖောက်မဝင်နိုင်သည်မို့ စိုက်ဝင်မသွားခဲ့ပဲ ရန်စလိုက်သလိုဖြစ်သွားရပြီး မိမိတို့ရှိရာသို့်တစ်လှမ်းခြင်း လှမ်းလာနေသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now