🦋 7 🦋

5.6K 701 63
                                    

"အရှင့်သား..."

လွန်ခဲ့သည့် စက္ကန့်ပိုင်းအထိ အကောင်းပကတိအတိုင်း ရှိနေခဲ့သူ မင်းသားအိုင်းဆက်မှာ ရုတ်တရက် ဖြူလျော်သွား၍ လဲသွားခဲ့သည့်အပေါ် ကောင်းယံလန့်သွားရဧ။်။ အနောက်ဘက်ဆီမှ ပြေးလာသံတွေကြားနေရပြီး ခဏခြင်းမှာပင် မင်းသားအိုင်းဆက်ကို သယ်ပိုး၍ သူဧ။်အိပ်ခန်းဆောင်ရှိရာသို့ ပြေးထွက်သွားကြသည်။

"သမားတော်ပင့်စမ်း မြန်မြန်"

ကန်းထရစ်ဘုရင်ကြီးနှင့် သူဧ။်မိဖုရားမှာ ဝတ်ရုံတော်ပင်မနိုင်တော့ သူတို့ဧ။်သားတော်အတွက် စိုးရိမ်ပူပန်နေကြသည်။ လူအများ ပျားပန်းခတ်မျှ ​ယောက်ယက်ခတ်နေသည့်ကြားထဲ၌ Kingsley သတိထားမိခဲ့သည့် အရာတခုမှာ အစောင့်အရှောက်တွေ သယ်ပိုးသွားနေသည့် မင်းသားအိုင်းဆက်ဧ။် ဦးခေါင်းနားတွင် ဝဲပျံလိုက်ပါသွားသည့် ခရမ်းရောင်လိပ်ပြာကြီးကိုပင် ဖြစ်သည်။ အရောင်ဖျော့မှိန်နေကာ အထိနာထားသည့် အသွင်သဏ္ဍန်နှယ်။ မိုခီတာတွင် လိပ်ပြာနှင့်ပတ်သတ်သည့် အမိန့်တော်ဆိုသည်ကို နားထဲပြန်ကြားယောင်ကာ ခေါင်းကိုစုံကုတ်မိတော့သည်။

"ငါ ဘာဖြစ်လို့ လိပ်ပြာကိုသွားကိုင်လိုက်တာလဲ။ သေတော့မှာပဲ မင်းတော်တော်ရှည်ပါလား မင်းသစ်ကောင်းယံ"

"စစ်သူကြီးကို အရှင်မင်းကြီးက အခေါ်လွှတ်လိုက်ပါတယ်"

တကိုယ်တည်း မျှော်စင်ရင်ပြင်မှာကျန်နေခဲ့ရာက တီးတိုးဆိုနေဆဲ လာရောက်ခေါ်ဆောင်သည့် ရဲမက်လေးဧ။်နောက်သို့ လိုက်လာရာတစ်လျှောက် ခြေထောက်များကမခိုင်ချင်။ လိပ်ပြာများမဖမ်းရဆိုသည့် မင်းအမိန့်ကို ဖောက်ဖျက်ကာ အရှင့်သားဧ။် အသက်ဆက်လိပ်ပြာကို ထိမိထားခဲ့သည့် မိမိလုပ်ရပ်ကို မင်းကြီးများမြင်သွားခဲ့၍ အခေါ်လွှတ်လေသလားဟု စိုးရိမ်လာရသည်။

* ဟိုဘက်ခေတ်ပြန်ဖို့ရာ အကောင်အထည်မဖော်ရသေးခင် အသတ်ခံရတော့မှာလား *

ရဲမက်လေး ​ခေါ်ဆောင်လာရာနေရာသည် အရှင့်သားဧ။် အိပ်ခန်းဆောင်ရှေ့ဖြစ်ပြီး တံခါးပိတ်ထားသည်မို့ အတွင်းဘက်ကိုမမြင်ရပေ။ အပြင်ဘက်ဆီတွင်တော့ ရဲမက်အမြောက်အမြားနှင့် ဟိုဘက်သည်ဘက် စုန်ဆန်လျှောက်နေသည့် မင်းကြီးကိုသာတွေ့ရသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now