အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။

1K 116 17
                                    

Uni

မုန်း၏ ကားလေးသည် လိုရာခရီးရောက်သည့်အခါမှာ စက်ရပ်သွားခဲ့သည်။
မုန်းဘေးက အဆီတွေဝေ့နေသည့်နှုတ်ခမ်းပိုင်ရှင်လေးကို နောက်တစ်ခါ လက်ကိုင်ပုဝါလေးအသုံးပြု၍ ခပ်ဖွဖွသုတ်ပေးလိုက်သည်။

" အနွယ် ဗိုက်ဝသွားပြီလား မဝသေးရင်း‌ပြောနော် အထဲရောက်ရင် ဟန်နီပြင်ပေးခိုင်းလိုက်မယ်"

" ဟီး ဝတော့မဝသေးဖူး ဒါနဲ့ဘယ်နေရာလဲဟင် ဟန်နီ "

မျက်နှာချိုသွေးကွာ ရီပြနေသည့်အမျိုးသမီးငယ်လေးရဲ့ပါးပြင်လေးကိုထိကြည့်ချင်ပေမဲ့ ဆန္ဒနှင့်သိက္ခာကိုထိန်းပါဆိုသည့်စကားလုံးကြီးက ခေါင်းထဲမှာအချက်ပေးသလိုမြည်လာသည်ကြောင့် လက်ကိုပြန်ရုတ်လိုက်ရသည်။

" ဒီနေရာက မုန်းရဲ့လှို့ဝှက်နေရာ‌လေးလေ မုန်းရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကိုဖြေဖျောက်တဲ့နေရာလေးပေါ့"

'ဟန်နီလိုအရာရာပြည့်စုံနေတဲ့သူကဝမ်းနည်းခြင်းတွေရှိသေးရောလား'

ဟန်နီပြောသည်ကို အနွယ်ခေါင်းလေးဆတ်ဆတ်ညိမ့်ပြလိုက်သည်။
အပြင်စကားပြောနေတုန်း အသိမပေးပဲရွာချလာသည့်မိုးကြောင့် အနည်းငယ်မိုး‌ေရစိုသွားရသည်။

နှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်ကိုင်ပြီး စံအိမ်မမြည်သည့်စံအိမ်အသေးစားလေးထဲပြေးဝင်လာခဲ့သည်။
မိုးကိုလည်းအနည်းငယ်ကျိန်ဆဲမိသည်။ ဘယ်နှယ့်အသိမပေးပဲရွာချရတယ်လို့ အခုတော့ နွယ်လေး မိုးစိုသွားရပြီ။

" အနွယ် လာ ရေစိုကြီးနေရင် ဖျားလိမ့်မယ်ဟန်နီ့အဝတ်လေးခနဝတ်ထားလိုက် "

" ဟုတ်!"

ဟန်နီသွားရာနေရာကိုလိုက်သွားလိုက်တော့မကျဉ်းမကျယ်အခန်းငယ်လေးထဲရှိအဝတ်အစားဗီဒိုထဲကနေ ညဝတ်ဂါဝန်ထုတ်ပေးလာသည်။

" ဟန်နီက ဒီမှာဆို ညအိပ်တဲ့သဘောဆိုတော့ ဂါဝန်တွေပဲရှ်ိတယ်အဆင်ပြေရဲ့လား နွယ်"

" ပြေပါတယ် ဟန်နီရဲ့"

မုန်း အနွယ့်ကို ဂါဝန်ကမ်း‌ပေးပြီး သူမလဲ ဒီနေရာမှာတင်အဝတ်လဲဖို့ပြင်လိုက်ပေမဲ့အနွယ်ရဲ့ ပခုံးသားလေးတွေကို မြင်လိုက်ရတော့ တစတစမျက်နှာမှာနီရဲလာတော့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now