( 112.1 )

13K 643 37
                                    

UNICODE

T.N Chapter 112 ကိုစမဖတ်ခင် Note လေးကိုအရင်ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်

ကျန်းထျန် သူမစိတ်ဆုံးဖြတ်ပြီး
နောက်တစ်နေ့မှာပဲ အိမ်အပြောင်းအရွှေ့ ကုမ္ပဏီကို ဆက်သွယ်ခဲ့သည်။

ပျော်ရွှင်ဖွယ်ရာဒီရပ်ဝန်းလေးကနေမထွက်ခွာခင်မှာ ချူယီသည် အိုးရန်နေထိုင်ခဲ့သောနေရာလေးကို နောက်ဆုံးအကြိမ်သွားခဲ့သည်။မြင့်မားသောအဆောက်အဦးများသည်အရင်အတိုင်းတည်ရှိ‌နေဆဲဖြစ်သော်လည်း ထိုနေရာသည်လူနေအိမ်အသစ်များအဖြစ်ပြောင်းလဲသွားခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။

အိုးရန်နှင့်နှစ်ယောက်အတူလျှောက်ခဲ့ဖူးသော
လမ်းကျဉ်းလေးနှင့် ကန်းစွန်းဥကင်ဆိုင်လမ်းဆုံကို ကြည့်လိုက်တာနှင့်ဝမ်းနည်းသောခံစားချက်ကသူ့စိတ်ထဲမှာပေါ်လာတော့သည်။ချူယီက
ကျန်းထျန်လက်ကိုဆွဲပြီး

" မားမား သားတို့ အိုးရန်ကို နောက်တစ်ခါက်တွေ့လို့ရဦးမှာလား "

ချူယီ၏ ဝမ်းနည်းနေသောအမူရာလေးကိုကြည့်ကာ ကျန်းထျန် သူ၏နားရွက်ပျော့ပျော့လေးတွေကို ပွတ်လိုက်ပြီး

"ခရစ္စမတ်မှာ အိုးရန်ကိုတွေ့ဖို့ မားမားတို့ အမေရိကကို သွားကြမယ် ဟုတ်ပြီလား "

ချူယီဝမ်းသာအားရခေါင်းညိမ့်လိုက်သည်။

" သွားကြမယ် "

ချူယီ ကားပေါ်မတက်ခင်နောက်ဆုံးအကြိမ်အဖြစ် အဆောက်အဦးတွေကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။

လင်းမိသားစု ဗီလာကို ပြောင်းဖို့အတွက် မစောင့်နိုင်တော့ဘဲ အပျော်ရွှင်ဆုံးသူတွေကတော့
လျန်ရှန့် နဲ့ ချင်းချင်းပဲဖြစ်သည်။ တစ်ယောက်က သူ့ရဲ့အကြိုက်ဆုံးအရုပ်တွေနဲ့ နေ့တိုင်းကစားနိုင်ပြီး နောက်တစ်ယောက်ကတော့ သူမ၏ချစ်လှစွာသောပါးပါးကို နေ့တိုင်းတွေ့နိုင်မည်ဖြစ်သည်။ တစ်ချိန်ထဲမှာပဲ သူတို့ကို ပြုစုဖို့ အစေခံတွေလဲရှိလေသည်။သူတို့ဘာလို့မပျော်ရမှာလဲ။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now