( 129 )

2.7K 464 82
                                    

UNICODE

ကျန်းထျန် အံ့အားသင့်သွားပြီး "ချင်းချင်း ကိုယ့်ဟာကို အင်္ကျီလဲထားတာလား?"

"ဟုတ်"
ကလေးမလေးက ခေါင်းငုံ့လိုက်ပြီး သူမရဲ့ နက်ကတိုင်ကို ညှိလိုက်သည်။သူမပုံစံလေးက ကို့ယို့ကားယားနိုင်နေပေမဲ့ လေးလေးနက်နက်လုပ်နေပုံက တိရစ္ဆာန်ရုံထဲက ပန်ဒါလေးလို ချစ်ဖို့ကောင်းနေပေသည်။

ကျန်းထျန်က ရယ်မောလိုက်ပြီး သူမလက်ထဲကဝတ်စုံလေးကို ချလိုက်ပြီး သူမလေးကို လှမ်းကြည့်လိုက်သည်။
"ဒီနေ့က ခရစ္စမတ်နေ့လေ၊ချင်းချင်းက ဒီဝတ်စုံကို ဝတ်လို့မရဘူး"

"အဲ့တာဆို ပေါင်ပေ့က ဘာဝတ်ရမှာလဲ?"

ကျန်းထျန် သူမလေးဝတ်ထားတဲ့ အင်္ကျီအဟောင်းတွေကို ချွတ်ဖို့ကူညီပေးလိုက်ပြီး
အနီနဲ့ အဖြူ ရောစပ်ထားတဲ့ ချီပေါင် ဝတ်စုံလေးကို လဲပေးလိုက်သည်။ဒီဝတ်စုံသေးသေးလေးက တရုတ်စတိုင်အပြည့်ဖြစ်နေကာ နူးညံ့သည့်အဖြူရောင်ကော်လန်လေးက သူမလေးရဲ့မျက်နှာဝိုင်းဝိုင်းလေးနားမှာ ပတ်ထားပြီး သူမလေးရဲ့ ဖြူစင်သော အသားအရည်နှင့် မှိတ်တုတ်မှိတ်တုတ် မျက်လုံးကြီးများက ချစ်စရာ တရုတ်အရုပ်မလေးနှင့်တူပေသည်။

ကျန်းထျန် က သူမလေးရဲ့ဆံပင်များကို အလုံးဝိုင်းဝိုင်းလေးနှစ်ခုအဖြစ် စတင်စည်း‌နှောင်လိုက်သည်။သူမလေးရဲ့ ဆံပင်ကို အလှဆင်မဲ့အချိန်မှာ ချင်းချင်းက အိုးရန်ပေးထားတဲ့ ဆံညှပ်လေးကို စိတ်လှုပ်ရှားစွာ သူမကို ကမ်းပေးလာခဲ့သည်။
"ဒီတစ်ခု၊ဒီတစ်ခု ချင်းချင်း ဒါလေးကို ပန်ချင်တယ်။"

နေကြာပန်းဆံညှပ်လေးက သူမရဲ့ဝတ်စုံနဲ့မလိုက်ဖက်ပေမဲ့ ကျန်းထျန်ကဘယ်လိုပဲဖြစ်ဖြစ်လက်ခံလိုက်ပြီး သူမလေးရဲ့ခေါင်းပေါ်မှာ ဂရုတစိုက်နဲ့ပန်ပေးလိုက်သည်။မှန်ထဲက လှပတဲ့ မိန်းမလှလေးကို ကြည့်ပြီး ချင်းချင်းက ပြုံးပြလိုက်သည်။

ကလေးမလေးက ကျန်းထျန်ကို ချစ်ဖို့ကောင်းစွာ မျက်တောင်ခတ်ပြပြီး နူးညံ့စွာမေးလိုက်သည်။
"မားမား၊ ပေါင်ပေ့ပိုလှသွား‌အောင်လုပ်လို့ရလား?"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now