( 123 )

2.8K 444 13
                                    

UNICODE

T.N ဆောရီးပါ ချစ်တို့ရေ မနေ့က ကိုယ်‌တို့ဘက် WiFi ကြိုးပြင်နေလို့ လိုင်းမရတာနဲ့ မတင်လိုက်ရတာ ဒီနေ့ စောစောတင်ပေးလိုက်တယ်နော် မနက်ဖြန်ညနေလည်း နောက်တစ်ပိုင်းလာပါမယ်ရှင်
...........

လင်းအိုက်ကောင်း ၏ဈာပနအခန်းအနားသည် အလွန်ရိုးရှင်းပေသည်။ဈာပန အစီအစဉ်ကနေ မီးသဂြိုလ်ဖို့အထိ ဆယ်ရက်တောင် မကြာခဲ့ပေ။

လင်းအိုက်ကောင်း ဆုံးသွားပြီးထဲက လင်းဆွေ့ကျိုးသည် ယခင်ကထက်ပို၍တိတ်ဆိတ်နေခဲ့သည်။သူတို့ရဲ့ဒယ်ဒီက ပုံမှန်မဟုတ်ဘူးဆိုတာသတိပြု‌မိတဲ့ လျန်ရှန့်နဲ့ ချင်းချင်းဟာ သူ့ကို စိတ်ဆိုးအောင်လုပ်မိမှာကြောက်တဲ့အတွက် နှောက်ယှက်ဖို့ သတ္တိမရှိတော့ပေ။မိသားစုထဲမှာရှိသည့် လေထုသည် အလွန်တင်းမာဟန်ပေါ်နေခဲ့သည်။

သုဿန်ကနေပြန်လာပြီးနောက်မှာ လင်းဆွေ့ကျိုးသည် သူ့အခန်းထဲကိုသာ ဖြောင့်ဖြောင့်တန်းတန်းဝင်သွားခဲ့သည်။ထိုလူ၏နောက်ကျောကိုကြည့်ရင်း ကျန်းထျန် သက်ပြင်းချလိုက်မိသည်။

"မားမား"
ချင်းချင်းက ကျန်းထျန်လက်ကိုဆွဲလိုက်ပြီး
"ပါးပါးက မပျော်တဲ့ပုံပေါက်နေတယ် ဒါပေမဲ့ ချင်းချင်းက ပါးပါးနဲ့ က‌စားချင်နေတယ်....."

ချင်းချင်းရဲ့မျက်လုံးတွေဟာ မျှော်လင့်ချက်တွေနဲ့ပြည့်နေခဲ့သည်။

အခုလောလောဆယ်တော့ သူမလေးက လင်းဆွေ့ကျိုးကိုမပြောရဲသလို အရင်ကလိုလည်း သူ့လက်မောင်းထဲပြေးမဝင်ရဲတော့ပေ။သူက တစ်နေ့လုံးအိမ်မှာရှိပေမဲ့ သူတို့‌တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ခက်ခဲနေကြသည်။ပါးပါးက ခြံထဲမှာ တစ်ယောက်ထဲထိုင်နေတတ်ပြီး သူတို့ကိုလျစ်လျူရှုထားပြီး ဘယ်သူ့ကိုမှလဲ ဂရုမစိုက်ပေ။ချင်းချင်းက သူ့ကိုစိတ်ပူနေပေမဲ့လည်း သူ့အနားကိုလဲ မကပ်ရဲပေ။

ကျန်းထျန်က သူမသမီးရဲ့ ဆံပင်နုနုလေးတွေကိုထိရင်း ဒူးကွေးလိုက်ကာ သူမလေးရဲ့ မျက်လုံးတွေကိုတည့်တည့်ကြည့်လိုက်သည်။
"အဆင်ပြေပါတယ်။ပါးပါးက နောက်ရက်နည်းနည်းလောက်ကြာရင် စိတ်အဆင်ပြေသွားလိမ့်မယ်။အခု ချင်းချင်းကောကောတွေနဲ့ သွားကစားလို့ရတယ်မလား?"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Onde histórias criam vida. Descubra agora