( 132.1 )

2.7K 410 25
                                    

UNICODE

"ကို ချစ်ကို ဘယ်ခေါ်သွားမှာလဲ?"

လင်းဆွေ့ကျိုး သည် ကျန်းထျန်၏လက်ကို ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီ သူမကို ပြန်မဖြေခဲ့ပေ။

ကားသည် အဆုံးမရှိသောလမ်းများအတိုင်း မောင်းနှင်လာကာ နောက်ဆုံးတွင် အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။

လင်းဆွေ့ကျိုးသည် ကျန်းထျန် ကို ကားထဲမှ ထွက်ဖို့ ကူညီပေးလိုက်သည်။

သူမသည် အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် ကျန်းထျန်သည် မှိတ်တုတ်မှိတ်တုတ်အလင်းရောင်များနှင့် ‌ဆလိုက်မီးတဖြတ်ဖြတ်လင်း‌နေတာကို  တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာပြီး မကြာမီတွင် သင့်လျော်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမသည် date လုပ်မယ်လို့ထင်ခဲ့တဲ့အတွက်ကြောင့် အထူးသဖြင့် နူးညံ့ပြီး မိန်းမဆန်သော ဇာပါသည့်အဝါနုရောင် ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

လင်းဆွေ့ကျိုးက သူမကို စတိတ်ပေါ်သို့ခေါ်ဆောင်သွားခဲ့သည်။သူမရဲ့ မျက်လုံးများဖြင့် ဖြတ်ခနဲ့ကြည့်လိုက်တော့ ရှဟိုင်ရွန်နဲ့ သရုပ်ဆောင်များစွာလည်း ရှိနေတာကို သတိထားခဲ့မိသည်။သူမနောက်ရှိ ကြီးမားသော ဖန်သားပြင်ပေါ်တွင်
"ဖီးနစ် အာဏာ" ဟု လက်ရာမြောက်သော လက်ရေးလှဖြင့်ရေးထားသည့် သတင်းစာရှင်းလင်းပွဲရှိနေခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ?"

ကျန်းထျန်သည် ထိုင်ခုံကိုယူလိုက်ပြီး အိုးရန်မန်မန် က သူမကို မျက်တောင်ခတ်ပြီးကြည့်နေတာကို မြင်လိုက်ရသည်။

"ဥက္ကဌလင်း နဲ့ မစ္စကျန်းထျန်က ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လျှို့ဝှက်အထူးဧည့်သည်တွေဖြစ်‌နေလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ဒါကတစ်ကယ် အံ့ဩစရာကောင်းလွန်းတယ်။"
မှတ်ချက်ပေးပြီးတာနှင့် အစီအစဉ်မှူးသည် မိုက်ခရိုဖုန်းကို လင်းဆွေ့ကျိုး ထံသို့ လှမ်းပေးလိုက်
သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now