( 135 )

2.5K 425 20
                                    

UNICODE

ထိုအချိန်က သူရဲ့အမူအရာသည် ကျန်းထျန်ကို အလွန်အမင်း စိုးရိမ်သွား‌စေခဲ့သည်။

တစ်ကိုယ်ကောင်းဆန်သော အမြင်ဖြင့် သူမသည် ချူယီကို သာမန်လူဖြစ်အောင် လုပ်ချင်ခဲ့သည်။သူအရွယ်ရောက်လာတဲ့ အခါကျရင် သူအချစ်ကိုတွေ့ပြီး လက်ထက်ပြီးရင် ကလေးတွေရလာလိမ့်မည်။ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာပြီး သူနဲ့ တခြားသူတွေနဲ့ မတူဘူးဆိုတာ သိလာတဲ့အခါကျရင် သူ အခုလုပ်သလို ကမ္ဘာကြီးကို နူးညံ့သိမ်မွေ့စွာ ဖက်တွယ်နိုင်ပါဦးမလား??

ဒါပေမဲ့ အားဝူက သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အမြင်ကို စွန့်လွှတ်စေခဲ့သည်။

"သား က ဆက်ရှင်သန်ပြီး သားရဲ့ ညီငယ် ညီမငယ်လေးတွေနဲ့ နေသွားရဦးမှာ"
ကျန်းထျန် သူ့ကိုကြည့်လိုက်ပြီး
"မားမားတို့ အချိန်အကြာကြီး အတူတူနေသွားကြမယ်လေ ဒါပေမဲ့ သားက ချူယီကို ကာကွယ်ပါ့မယ်လို့တော့ မားမားကို ကတိပေးရမယ် ဟုတ်ပြီလား?"

သူခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"

ထို့နောက် သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

ကျန်းထျန် သူမရဲ့ space ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ သူမအသုံးမပြုရသေးသည့် ပစ္စည်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
သူမ ရဲ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ မျက်လုံးများကို အောက်ချလိုက်သည်နှင့် လေးနက်သည့် အမူအရာဖုံးလွမ်းသွားခဲ့သည်။

"အားဝူ"

သူ သူမကို ကြည့်လာခဲ့သည်။

ကျန်းထျန်၏မျက်လုံးများသည် တသမတ်တည်းဖြစ်သွားပြီး
"သားခန္ဓာကိုယ်ကို နောက်လှည့်လိုက်"

အားဝူသည် အနည်းငယ် ထိတ်လန့်သွားပြီး နောက်ဆုံးတွင် နာခံစွာဖြင့် နောက်လှည့်လိုက်သည်။

သူ့ရဲ့နောက်ကျောသေးသေးလေးကိုကြည့်လိုက်ပြီး ကျန်းထျန် သက်ပြင်းတစ်ချက်ချလိုက်သည်။
"နောက်ကို လှည်မကြည့်နဲ့နော်၊နားလည်လား?"

"ဟုတ်ကဲ့"

သူက အမြဲတမ်းကတိတည်‌တဲ့ အတွက်ကြောင့် သူပြောတဲ့အတိုင်းပဲသူလုပ်မယ်ဆိုတာ ကျန်းထျန်သိပေသည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now