( 131 )

2.6K 451 30
                                    

UNICODE

နွေဦးရောက်ပြီဖြစ်တဲ့အတွက် ကျောင်းပြန်တက်ဖို့ အချိန်ရောက်ပြီဖြစ်သည်။

လျန်ရှန့်သည် သူငယ်တန်းကနေ မူလတန်းကို အောင်မြင်စွာကူးပြောင်းခဲ့ပြီဖြစ်ပြီး သူ့အစ်ကိုနဲ့အတူတူ ကျောင်းတက်ရမည်ဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့သည်။

ဒါပေမဲ့လည်း......

ချင်းချင်းကတော့မပျော်ရွှင်ပေ။

ဆိုလိုတာက သူမလေးတစ်ယောက်တည်း သူငယ်တန်းမှာ ကျန်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မနက်အိပ်ယာထချိန်ကနေ မနက်စာစားချိန်အထိ ကလေးမလေးက တစ်ချိန်လုံး ဝမ်းနည်းနေခဲ့သည်။ကျောင်းဝတ်စုံဝတ်ထားသည့် အိုးရန် ကိုကြည့်ရင်း သူမပို၍စိတ်မကောင်းဖြစ်လာခဲ့သည်။

အိုးရန်သည် ကျောင်းပြောင်းရွှေ့ခြင်းလုပ်ငန်းစဥ်အားလုံးကို အကုန်လုံး‌လုပ်ဆောင်ပြီးပြီဖြစ်သည်။
ဒီအချိန်မှာ သူသည် ထမင်းစားပွဲ၌ ထိုင်နေပြီး သူ့ခြေ‌ထောက်လေးများကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းကာ သူ့မျက်နှာ‌လေးမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူပျော်ရွှင်နေတယ်ဆိုတာ ကျန်းထျန်သိပေသည်။အိုးရန်ဟာ မရင်းနှီးတဲ့တိုင်းပြည်မှာ သူဘယ်လောက်သနားစရာကောင်းခဲ့လဲဆိုတာ သူထုတ်မပြော‌ပေမဲ့လည်း သူမသိပေသည်။ယခုမှာ‌တော့သူသည် ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိပြီး နောက်ထပ် ညီအစ်ကို နှစ်ယောက် ထပ်ရရှိလာခြင်းကြောင့် သဘာဝအတိုင်းပင် သူသည် အလွန်ပျော်ရွှင်နေပါသည်။

"ကလေးတွေ မနက်စာစားပြီးရင် ကျောင်းသွားကြတော့။သားတို့နှစ်ယောက်က သားတို့ညီလေးကို ကူပြီးဂရုစိုက်ရမယ် ရန်မဖြစ်ရဘူး၊နားလည်လား?"

အိုးရန်နဲ့ ချူယီဟာ သူတို့ခေါင်းလေးတွေကို နာနာခံခံနဲ့ညိတ်ကြသည်။

"ချင်းချင်း" ကျန်းထျန် သူမအကြည့်ကို သူမလေးပေါ်သို့ပြောင်းလိုက်သည်။

သူမလေးက ခေါင်းလေးကို မော့ကြည့်လာခဲ့သည်။

ကျန်းထျန် သူမလေးရဲ့ နူးညံ့သည့်ဆံပင်လေးတွေကို ထိလိုက်ရင်း
"နောက်နှစ်ရောက်ရင် ပေါင်ပေ့လည်း ပေါင်ပေ့ရဲ့ကောကောတွေနဲ့ကျောင်းတူသွားလိမ့်မယ်၊စာကောင်းကောင်းလုပ် ဟုတ်ပြီလား?"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now