( 118.2 )

2.6K 425 4
                                    

UNICODE

ချန်ကျင်း အေးစက်စွာပြောလိုက်သည်။
"ဇာတ်ကွက်အသစ်က ဇာတ်လမ်းရဲ့သဘောထားနဲ့အကူးအပြောင်း ပိုသေချာနိုင်တယ်လို့ ငါနဲ့ ဇာတ်ညွှန်းဆရာ ဝမ်က သဘောတူပြီးပြီ။ဇာတ်လမ်းရဲ့အဓိက စိတ်ခံမှုလွယ်တဲ့ နေရာတွေကို အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကပဲယူထားတယ်။ဒါကအရမ်းရူးမိုက်တာပဲ။အမျိုးသမီးဇာတ်ပို့ကို ဒါတွေပေးလိုက်ပြီး အပိုအပိုင်းတွေထပ်ထည့်ပြီးပြသရင် ပိုကောင်းသွားလိမ့်မယ်။အခုပဲ မင်းသူမရဲ့ သရုပ်ဆောင်စကေးကိုချီးကျူးလိုက်တယ်မဟုတ်လား။အချိန်အကြာကြီးစဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ငါတို့ချခဲ့တာပါ။ပြန်ပြင်ထားတဲ့ ဇာတ်ညွှန်းက မူလဇာတ်ညွှန်းထက်ပိုကောင်းပါတယ်။ကျွန်မရှင့်ရဲ့ ခံစားချက်ကိုနားလည်ပါတယ် ဇာတ်ညွှန်းဆရာအသစ်လေးတွေက သူတို့ဇာတ်ညွှန်းတွေကို အခြားသူများအား ကိုင်တွယ်ခွင့်ပေးဖို့ အမြဲတွန့်ဆုတ်နေတတ်ကြတယ်"

သူမသည် ရှည်လျားစွာ စနစ်တကျနှင့် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်တစ်ခုကို ပေးခဲ့ပေမဲ့ ကျန်းထျန်ကို ရွဲ့စောင်းသော မှတ်ချက်များ ပြောကြားရန်လည်း မမေ့ခဲ့ပေ။

ဒါရိုက်တာသည် ချန်ကျင်းကို ကြည့်ပြီးတော့ ကျန်းထျန်းကို ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက်ကြားတစ်ခုခုကို ဖမ်းမိလိုက်ပေသည်။ဇာတ်ညွှန်းပြန်ပြင်ရန် လာသည့်အချိန်တုန်းက ဒါရိုက်တာလည်းပဲ ဒါနဲ့ပတ်သတ်ပြီး မပျော်ရွှင်ပေ။ပထမအနေနဲ့ကတော့ အဲ့တာက လုပ်ရမည့်အလုပ်ပမာဏကိုတိုးစေသည်။ဒုတိယတစ်ခုကတော့ မူလဇာတ်ညွှန်းသည် အရှိန်အဟုန်နှင့်သွားနေပြီး ဇာတ်လမ်းအထွပ်အထိတ်တွေသည် ‌စွဲမက်ဖွယ်ကောင်းသည်။အမျိုးသမီးဇာတ်ပို့၏အခန်းတွေအများကြီးထပ်ထည့်လိုက်လျှင် ၎င်းဟာ အသက်ဝင်မှု ကင်းမဲ့လာလိမ့်သည်။ဒါပေမယ့် သူလည်းပဲ ရင်းနှီးမြှုပ်နှံသူတွေကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။

ကျန်းထျန် ၏ မျက်တောင်များ အနည်းငယ်တုန်လာသည်။ သူမမျက်နှာမှာ အပြုံးလုံးဝမရှိတော့ဘဲ သူမ၏ သိမ်မွေ့သော မျက်နှာသည် အမူအရာမဲ့လာသည်။ထိုနေရာမှာပဲ တိတ်ဆိတ်စွာရပ်နေပေမဲ့ လူတွေကို နားမလည်နိုင်အောင် ဖိနှိပ်ထားသလို ခံစားရသည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now