( 134 )

2.4K 432 11
                                    

UNICODE

"Help" ပရိုဂရမ် အစီအစဉ်ကို ထုတ်လွင့်ပြီးနောက်မှာ အင်တာနက်ပေါ်တွင် ပြင်းထန်သောဆွေးနွေးမှုများသည် သဘာဝကျကျပဲ ပေါ်ပေါက်လာခဲ့သည်။

ကင်မရာပေါ်က ကျန်းထျန်၏ပုံရိပ်သည် မာနကြီးတဲ့ပုံပေါက်နေခဲ့သည်။အလင်း၏အရိပ်သည် သူမခန္ဓာကိုယ်ပေါ်တွင် ရွေ့လျားနေပြီး သူမ၏မျက်လုံးများသည် အေးစက်နေကာ ဘာမှထူးခြားတဲ့ပုံမပေါ်ပေ။

သူမရဲ့စကားလုံးတိုင်းဟာ သူမရဲ့မိခင်ဖြစ်တဲ့ ရှောင်ရှို့လျန်ကိုသာ တစ်ချိန်လုံးပစ်မှတ်ထားနေခဲ့သည်။

ရှောင်ရှို့လျန် အပေါ် ပရိသတ် တွေရဲ့အမြင်က တော့ သူမရဲ့ စိတ်သ‌ဘောထားကျဉ်းမြောင်းမှု၊ တစ်ကိုယ်ကောင်းဆန်မှု နှင့် သူမသမီးအရင်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကနေ အမြတ်ထုတ်ရန် မစောင့်နိုင်တော့သည့် သွေးစုပ်တစ္ဆေလိုမျိုး သူမသမီးအပေါ်မှာ တွက်ချက်မှုတွေဖြင့်သာပြည့်နှက်နေခဲ့သူတစ်ဦးဖြစ်သည်။

Show ကို ထုတ်လွင့်အပြီးမှာ တရားသူကြီးတစ်ဦးသည် Weibo ပေါ်တွင် ပိုစ့် တင်လိုက်သည်။

[Help - ချောင်ရွှီရီ : အမေတွေရဲ့ အချစ်က ကောင်းကင်ထက်တောင် ကြီးမားတယ်ဆိုတာကို ငါယုံကြည်နေတုန်းပဲ။ကျန်းထျန်ရဲ့ အပြုအမူကိုတော့ ငါသဘောမတူဘူး။]

တရားသူကြီးတွေဟာ အင်တာနက် စစ်သည်တော်တွေကို ငှားရမ်းလေ့ရှိတဲ့အတွက် ကောမန့်တွေအကုန်လုံးကလည်း သူ့သဘောထားကို သဘောတူကြသည်။

——‌ ရှောင် အားရီက မှားခဲ့ရင်တောင် ကျန်းထျန် ရဲ့ အပြုအမူကလည်း မမှန်ဘူး။

——ဟုတ်တယ်၊သူမက သူမအမေမှားတယ်လို့ပြောနေတုန်းပဲ။သူမအမေမှားခဲ့တယ်ဆိုရင် သူမဘယ်လိုများ ကြီးပျင်းလာခဲ့မလဲ?

——ကျန်းထျန်က မျက်လုံးဖြူဝံပုလွေ တစ်ကောင်လို့ငါထင်တယ်။
(မျက်လုံးဖြူဝံပုလွေ-- ကျေးဇူးကန်းတတ်သူ)

——ရှောင်အားရီက အရမ်းသနားစရာကောင်းတာပဲ။

"........"

ထိုကောမန့်တွေကို မြင်တဲ့အခါမှာ ကျန်းထျန် လှောင်ပြောင်လိုက်ပြီး ချက်ချင်းပဲ သူတို့ကို ပြန်စာတစ်စောင်ရေးလိုက်သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Dove le storie prendono vita. Scoprilo ora