( 126 )

2.4K 413 6
                                    

UNICODE

"အိုးရန်၊သား ဒီကိုလာဦး"
ကျန်းထျန်သူ့ကို လက်ယက်ပြီးခေါ်လိုက်သည်။

အိုးရန် ရှေ့ကို လျှောက်သွားလိုက်ပြီး သူမကိုကြည့်လိုက်သည်။

ကျန်းထျန် နာနီကို ကြည့်လိုက်ရာ တည်ငြိမ်သော အမူအရာဖြင့် သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမအကြည့်ကိုရွှေ့လိုက်ပြီး "သားဘာလို့အရမ်းပိန်သွားရတာလဲ?"

"သားဒီက အစားအစာတွေသိပ်မစားတတ်လို့ပါ"
အိုးရန်သည် သူဆက်မပြောခင် နာနီကိုတစ်ချက်ကြည့်လိုက်ပြီး "ကျဲကျဲတို့က ဒီကိုဘယ်လိုရောက်လာကြတာလဲ?"

"ကျဲကျဲတို့က မင်းကိုတွေ့ရအောင်ဆိုပြီးကို တမင်လာခဲ့ကြတာ"
ကျန်းထျန် သူ့ပါးလေးကို ပွတ်လိုက်သည်။

သူတိတ်ဆိတ်မိသွားသည်။

ကျန်းထျန်သည် အသေးစိတ်တစ်ခုမှမလွှတ်စေဘဲ သူမမျက်လုံးများဖြင့် သူ့ကိုစူးစမ်းလိုက်သည်။

"ရန်ရန်၊ဒီနေ့သားတို့ကျောင်းမှာ ခရစ္စမတ်အကြိုလှုပ်ရှားမှုရှိတယ်မလား?သားအခုမသွားရင် နောက်ကျနေလိမ့်မယ်"

အိုးရန် တုန်တုန်ယင်ယင်နှင့် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။
"သား ကျောင်းသွားတော့မှာပါ"

သူရဲ့လှုပ်ရှားမှုသေးသေးလေး‌ကြောင့် သူ့လည်ပင်းရှိအမာရွတ်ကို ကျန်းထျန် မြင်လိုက်ပေသည်။သူမရဲ့မျက်လုံးတွေဟာ ရုတ်တရက်မဲမှောင်သွားပြီး အမူအရာမဲ့စွာခေါင်းညိတ်လိုက်သည်။

အိုးရန် သည် သူ့ကျောပိုးအိတ်ကို ယူရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။သူ သူတို့ကို တုံ့ဆိုင်းစွာကြည့်လိုက်ပြီး သူထွက်သွားတော့မည့်အချိန်တွင် ကျန်းထျန် က ရုတ်တရက် သူ့ကို တားလိုက်သည်။
"ခဏလေးနေဦး"

နာနီရဲ့နောက်ကျောဟာအေးခဲသွားပြီး သူမကိုလှည့်ကြည့်လိုက်သည်။

"ဒီနေ့ကျောင်းမသွားနဲ့တော့"

"ဟုတ်တယ်" ချူယီသည် ရှေ့ကိုလျှောက်သွားလိုက်ပြီး အိုးရန်လက်ကို ကိုင်လိုက်ပြီး
"ငါတို့နဲ့ အပြင်သွားကြစို့"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now