( 147 ) Extra

2.8K 418 33
                                    

UNICODE

ချူယီဟာ တစ်ခါတစ်ရံကျရင် ရှမန်မန်ကို ကျောင်းကနေသွားကြိုရသလို တစ်ချို့အချိန်တွေကျရင် ရှဟိုင်ရွန်ကိုယ်စားလဲ မိဘအစည်းအဝေးတွေတက်ပေးရတာလဲရှိသည်။အချိန်တွေကြာလာတဲ့အခါ သူမအတန်းဖော်တွေက သူမမှာ ဉာဏ်ကောင်းပြီး ချောမောသည့်အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ သိလာကြသည်။

သူမ အသက်ဆယ့်ငါးနှစ်၊ဆယ်ခြောက်နှစ်အရွယ်မှာ သူမရဲ့အချစ်ဟာ စတင်ခဲ့သည်။သူမကျောင်းတံခါးဝမှာ ပေါ်လာတိုင်း ကောင်မလေးတွေ တော်တော်များများ မျက်နှာပျက်သွားတတ်ကြသည်။

ရှမန်မန် ၏သူငယ်ချင်းဖြစ်သူ ရွမ် သည် မထီမဲ့မြင်ပြုကာ ခုန်လိုက်ပြီး သူမ၏လက်ကိုဆွဲလိုက်သည်။
"ငါတို့ကျောင်းက မိန်းကလေးတွေက ဘာလို့အရမ်းကိုအရူးအမူးဖြစ်နေကြလဲ?"
သူပြောပြီး အဝေးကြီးမှာ ရပ်စောင့်နေတဲ့ ချူယီကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ မင်းအစ်ကိုကတော့ တကယ်လှတယ်"

အိုးရန်မန်မန်က ဘာမှပြန်မပြောခဲ့ဘူး။

"မင်းအစ်ကိုက အသက်ဘယ်လောက်ရှိပြီလဲ?"

ရှမန်မန်မန် ပြောလိုက်သည်။
"23"

"အာ မင်းအစ်ကိုက အရမ်းတော်တာပဲ၊ သူ့မှာ ရည်းစားရှိရမယ်"

သူမ နောက်တစ်ကြိမ်ဘာမှမပြောခဲ့ပေမဲ့ သူမပုံကြည့်ရတာ စိတ်ဓာတ်ကျနေပုံပေါ်သည်။

ချူယီနား ရောက်သည့်အခါမှာ ရွမ်က ခုန်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟယ်လို၊ချူယီ"

သူ နူးညံ့စွာပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ရှမန်မန်အပေါ်ကျရောက်သွားခဲ့သည်။
"သွားစို့"

သူမသူငယ်ချင်းတွေကို နှုတ်ဆက်ပြီးနောက်မှာ ရှမန်မန် ကားဆီသွားလိုက်တော့သည်။

ပြတင်းပေါက်အပြင်ဘက်က တရွေ့ရွေ့ လျှောကျနေသော ရှုခင်းများကို ကြည့်ပြီး
သူမ၏ မျက်လုံးများက သူမဘေးနားရှိ ချူယီကို အသေအချာ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ထိုအမျိုးသားလေးဟာ သူ့ဒူးပေါ်ရှိ တက်ဘလက်ကြိ ငုံ့ကြည့်ရင်း အလုပ်ရှုပ်နေခဲ့သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now