( 125 )

2.6K 453 11
                                    

UNICODE

မင်္ဂလာပွဲပြီးတဲ့နောက်မှာ သူတို့သည် အမေရိကန်ပြည်ထောင်စုရှိ မြို့တော် C သို့ လေယာဉ်ဖြင့် လိုက်ပါလာခဲ့ကြသည်။

ထိုအချိန်ဟာ ချင်းချင်းမွေးနေ့ရောက်ဖို့ တစ်ရက်ပဲလိုတော့သည့်အချိန်ဖြစ်သည်။လေယာဉ်ပေါ်မှာ ချူယီသည် သူ့ခေါင်းလေးကို ငုံ့ကာ စာဖတ်နေပြီး လျန်ရှန့်ကတော့ မုန့်စားပြီးအလုပ်ရှုပ်နေကာ တစ်ချိန်ထဲမှာပဲ ပြတင်းပေါက်အပြင်ဘက်က ရှုခင်း‌တွေကိုငေးကြည့်နေခဲ့သည်။ချင်းချင်းကတော့ လင်းဆွေ့ကျိုးရဲ့ပုခုံးပေါ်မှာမှီထားပြီး သူမလေးရဲ့ဖရုံသီးလို ခေါင်းသေးသေးလေးဟာ အရှေ့‌အနောက် အပြန်ပြန်အလှန်လှန် ညိတ်နေခဲ့သည်။

သူမက သူမရဲ့မွေးနေ့ကိုလျစ်လျူရှုထားပြီး သူမမွေးနေ့ကဘယ်အချိန်လဲဆိုတာကိုတောင် တစ်ကယ်မသိခဲ့ဘူး။သူမလေးရဲ့မိဘတွေက အမြဲလိုလိုအလုပ်ရှုပ်နေကြတဲ့အတွက်ကြောင့် လွန်ခဲ့တဲ့နှစ်နှစ်ထဲက သူမရဲ့မွေးနေ့ကို သူတိူ့နဲ့အတူမကျင်းပနိုင်ခဲ့ပါဘူး။သူမမှတ်မိတဲ့ တစ်ခုတည်းသောအရာက သူမရဲ့မွေးနေ့မှာ လက်‌‌ဆောင်တွေအများကြီး ရတယ်ဆိုတာပါပဲ။လက်ဆောင်တွေအများကြီးရတာက သူမရဲ့မိဘတွေသူမဘေးမှာ အတူရှိနေပေးတာနဲ့မယှဉ်နိုင်ပါဘူး၊ဒါကြောင့် သဘာဝအရပဲသူမက ဒီနှစ်နဲ့ပတ်သတ်ပြီးသိပ်ဂရုမစိုက်ပါဘူး။

လင်းဆွေ့ကျိုးဟာ သူ့သမီးငယ်ရဲ့ နူးညံ့တဲ့ဆံပင်လေးတွေကို ပွတ်သတ်ရင်း သူ့နှလုံးသားထဲမှာ အပြစ်ရှိတဲ့စိတ်ကို ခံစားလာရသည်။သူ့ရဲ့အလုပ်များတဲ့ အချိန်ဇယားတွေကြောင့် သူကသူတို့နဲ့ ခရီးအတူထွက်တာဟာ ကြုံထောင့်ကြုံခဲဖြစ်ပြီး အချိန်တော်တော်များများမှာတော့ ဂေါ်ဖီထုပ်လေးတွေဟာ သူတို့ရဲ့မွေးနေ့ကို တစ်ယောက်ထဲဖြတ်သန်းကြရသည်။သူလုပ်နိုင်သမျှက သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့ပဲဖြစ်သည်။သူ့မိခင်သေဆုံးပြီးနောက်မှာ လင်းဆွေ့ကျိုး သည် မိသားစုကို ပိုအာရုံစိုက်လာခဲ့ပြီး ချမ်းသာမှုက တစ်ခုတည်းသောအရာမဟုတ်ကြောင်း သူသိရှိလာခဲ့သည်။ပြင်ပအရာဝတ္ထုတွေနဲ့ယှဉ်ရင် ဂေါ်ဖီထုပ်လေးတွေဟာ တစ်ခြားအရာတွေထက် သူတို့ဒယ်ဒီနဲ့အတူရှိတာကို ပိုပြီးလိုချင်ကြလေသည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Hikayelerin yaşadığı yer. Şimdi keşfedin