( 133 )

2.4K 432 12
                                    

UNICODE

"သူမဘယ်လိုတောင် ဒီလိုမျိုး လုပ်နိုင်ရတာလဲ?"

"ဟုတ်တယ်၊ကျန်းထျန်က ဒီလိုလူမျိုးဆိုတာ ငါမယုံနိုင်ဘူး"

"သူ့အမေကို ဒီလိုဆက်ဆံတာတော့ အရမ်းများလွန်းတယ်။"

"ဘယ်လိုတောင် သနားစရာကောင်းလိုက်သလဲ...."

"အဲဒါကိုကြည့်ရုံနဲ့ ငိုအောင်လုပ်နိုင်တယ်၊ သမီးတစ်ယောက်ရှိတာ ဘာအကျိုးရှိလို့လဲ။"

"........."

".............."

ရှောင်ရှို့လျန် သည် သူမကိုယ်စား ဒေါသတကြီး တီးတိုးပြောနေသော ပရိသတ်များကို ကြည့်ရင်း တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။

သေချာတာကတော့ သူမ ဒီနည်းလမ်းကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။
အခုလိုမျိုး ကင်မရာရှေ့မှာ မျက်ရည်နည်းနည်း‌လောက်ကျ‌ပြရုံနဲ့ အဆင်ပြေမယ်ဆိုတာ သူမသိခဲ့ရင် နေ့တိုင်းကျန်းထျန်ရှိတဲ့နေရာ‌မှာ သွားစောင့်နေပြီး သူမအင်အားအများအပြားကို ဖြုန်းတီးခဲ့မှာမဟုတ်ဘူး။

ရှောင်ရှို့လျန်သည် သူမ၏လက်များကို ခေါက်လိုက်ပြီး သူမ၏ပခုံးများသည် အထိန်းအကွပ်မဲ့စွာ တုန်ခါနေခဲ့သည်။သူမရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်သည် လူတွေကို သူမအတွက် ဝမ်းနည်းပြီး ငိုစေခဲ့သည်။ကျန်းထျန်တစ် ယောက်တည်းကသာ သူမကို လူရွှင်တော်တစ်ယောက်လို ရယ်စရာကောင်းသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ကျန်းထျန်က ရှောင်ရှို့လျန် ဘာတွေးနေလဲဆိုတာကို အတိအကျသိသလို ဒီ show ကိုလာရတဲ့ သူမရဲ့ရည်ရွယ်ချက်ကိုလည်း ပိုရှင်းလင်းစွာသိပေသည်။သူမသည် စကားဝိုင်းကို နားထောင်ရင်း စခရင်ပေါ်ကို ကြည့်လိုက်ကာ ထို‌လူတွေကတော့ သူမအကြောင်းကို အေးအေးဆေးဆေးဆွေးနွေးနေကြသည်။

"ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုက တော်တော်ကြီး တုန်လှုပ်သွားကြတယ် ကျေးဇူးပြု၍ နည်းနည်းငြိမ်ပေးပြီး ကျွန်တော်တို့ ရှောင်အားရီပြောတာကို ဆက်နားထောင်ကြရအောင်"

အစီအစဉ်တင်ဆက်သူရဲ့ အကြံပြုချက်သည် အလုပ်ဖြစ်သွားခဲ့ပြီး မငြိမ်မသက်ဖြစ်နေသော ပရိသတ်များသည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ သူတို့သည် တိတ်ဆိတ်မှုကို ပြန်လည်စတင်ခဲ့သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now