( 121.1 )

2.7K 410 11
                                    

UNICODE

ကျန်းထျန်၏ Weibo post သည် ချက်ချင်းပင် အွန်လိုင်းပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ကောမန့်တွေကိုမဖတ်ဘဲနှင့် သူမသည် ဒီအကြောင်းကိုလူတွေဘယ်လိုတွေးကြကြောင်း ခန့်မှန်းနိုင်ပေသည်။သူမကားထဲဝင်ဝင်ချင်းမှာပဲ လင်းဆွေ့ကျိုးက ဖုန်းခေါ်လာသည်။သူမ အနည်းငယ်စိတ်အ‌ခြေအနေမကောင်းသဖြင့် ဖုန်းချရန်ခလုတ်ကို တိုက်ရိုက်နှိပ်ကာ တိုတောင်းသော မက်ဆေ့ချ်ကို သာပေးပို့ခဲ့သည်။

ကျန်းထျန် : [ကျွန်မတို့ အိမ်ရောက်မှစကားပြောကြရအောင်]

လင်းဆွေ့ကျိုး : [အိုခေ]

ကားမောင်းသမားသည် နောက်ကြည့်မှန်ကနေသူမကိုကြည့်လိုက်ပြီး သူမသည် ကားမှန်ကိုမှီထားပြီး သူမ၏မျက်လုံးများသည်ပြတင်းပေါက်မှန်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

"ကျွန်တော်တို့ အခုအိမ်ပြန်မှာလား?"

ကျန်းထျန်သည်အသံတိုးတိုးလေးဖြင့် ဟုတ်တယ် လို့ပြောလိုက်သည်။ဒရိုက်ဘာသည် သူ့အကြည့်ကိုပြောင်းလိုက်ပြီး တိတ်ဆိတ်စွာပင် ကားမောင်းလာခဲ့သည်။

ကားသည် အနည်းငယ် ယိမ်းယိုင်နေချိန်တွင် ကျန်းထျန်သည် သူမမျက်တောင်များကို ပျင်းရိစွာအောက်သို့ချလိုက်သည်။လီချန်ဖုန်းအကြောင်းတွေးမိစဉ်မှာပဲ ကျန်းထျန်နောက်တစ်ကြိမ်မျက်မှောင်ကြုတ်မိသွားသည်။ကျန်းထျန် သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ သူမဖုန်းကိုထုတ်လိုက်ပြီး Weibo ထဲဝင်ကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ ပို့စ်သည် ထိန်းမနိုင်သိမ်းမရ မှတ်ချက်မျိုးစုံဖြင့် ပြိုင်ဘက်ကင်းကျော်ကြားနေသည်။အံ့ဩစရာကောင်းတာက လင်းဆွေ့ကျိုးဟာလည်းပဲ လွန်ခဲ့သောတစ်မိနစ်က ပိုစ့်တင်ထားခဲ့လေသည်။

[လင်းဆွေ့ကျိုး  : ကျွန်တော်တို့က ကျွန်တော်တို့ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင်လုပ်ပြီး နောက်တ‌စ်ခေါက် ချိန်းတွေ့နေကြပြီ]

ကျန်းထျန် ၏ မျက်တောင်များသည် အနည်းငယ် တုန်လှုပ်သွားပြီး ထိုစကားလုံးများကို ဖတ်နေရင်း မျက်မှောင်ကြုတ်နေသော မျက်ခုံးများကို တဖြည်းဖြည်း ဖြေလျှော့လိုက်သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now