( 146 ) Extra

2.7K 414 11
                                    

UNICODE

ညစာစားပွဲပြီးတဲ့နောက်မှာ ရှဟိုင်ရွန်က ကျန်းထျန်တို့အိမ်ကို အရင်သွားလိုက်သည်။

သူမမိဘတွေ အိမ်ထဲဝင်လာတာတွေ့တဲ့အခါမှာ ဆိုဖာပေါ်တွင် အိမ်ဆောက်သည့်အတုံးလေးတွေနှင့် ဆော့က‌စားနေသော ရှမန်မန်လေးဟာ မျက်လုံးတွေတောက်ပသွားပြီး လှည့်လိုက်သည့်အတွက် ခလုတ်တိုက်မိသွားသည်။

သူမ၏ လက်တိုတိုလေးများသည် ရှဟိုင်ရွန် ၏ ခြေသလုံးကြွက်သားများကို ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာလေးဖြင့် ပျော်ရွှင်စွာ ပွတ်သပ်လိုက်သည်။

"မန်မန်"
ရှဟိုင်ရွန်က သူမကိုပွေ့ချီလိုက်ပြီး
"သမီး ဒီနေ့ ကောင်းကောင်းနေရဲ့လား?ချူယီကောကောရဲ့ စကားကိုရော နားထောင်ရဲ့လား"

ရှမန်မန်လေးက သူမလက်ချောင်းလေးတွေကို ကိုက်ရင်း ရုတ်တရက်ပြောလိုက်သည်။
"ချူယီ..."

ရှဟိုင်ရွန် အေးခဲသွားခဲ့သည်။

ကလေးမလေးက မျက်လုံးကို မှိတ်လိုက်ပြီး
"ချူယီ!"

အသံက ပိုကျယ်လာခဲ့သည်။

အိုးရန်မန်မန်သည် အနောက်တွင် ရပ်နေကာ လုံးဝ ထိတ်လန့်သွားပြီး စကားမပြောနိုင်တော့ပေ။

လျန်ရှန့်က ကျော်ပြောလိုက်သည်။
"မန်မန်က စကားပြောနိုင်တယ်၊ချူယီကောနာမည်ကို တစ်နေ့လည်လုံးခေါ်နေတာ၊သား နားတွေ ကန်းလုနီးပါးဖြစ်နေရင်တောင် ကြားနိုင်သေးတယ်"

ရှမန်မန်: "ချူယီ၊ချူယီ၊ချူယီ!"

ရှဟိုင်ရွန် :"....."

သူ့သမီးက နောက်ဆုံးတော့စကားပြောနိုင်ခဲ့ပြီ ဒယ်ဒီမဟုတ်ဘဲ တခြားကောင်လေး‌တစ်ယောက်ရဲ့ နာမည်ကိုပေါ့။

သူ အရမ်းပျော်တယ်၊ ဒါပေမယ့်လည်း နည်းနည်း တော့ရှုပ်ထွေးနေတုန်းပဲ။

"ကောင်းပြီ အိမ်အရင်ပြန်ရအောင် ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်၊နောက်နေ့ကျ သားအတွက် အန်ကယ်လက်ဆောင်ပြင်ထားမယ် လာယူဦးနော်"

သူပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ရှဟိုင်ရွန်လက်ထဲက ကလေးမလေးဆီကျရောက်သွားခဲ့သည်။သူ အသံတိုးတိုးလေးဖြင့် ‌
"ကျေးဇူးတင်ပါတယ် အန်ကယ်ရှ၊ဂရုစိုက်ပြီးပြန်ပါ"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now