( 141 )

3.2K 445 51
                                    

UNICODE

ရုပ်ရှင် ဆုပေးပွဲ အခမ်းအနား။

ကျန်းထျန်သည် dress ကို၀တ်ဆင်ထားပြီး လင်းဆွေ့ကျိုး သည် သူမနောက်တွင် အမျိုးသားပါတနာအဖြစ် လိုက်ပါလာခဲ့သည်။

သူမသည် နို့နှစ်ရောင် cheongsamကို ၀တ်ဆင်ထားပြီး၊ သူမ၏ ပုံရိပ်လေးသည် ပိန်သွယ်ပြီး၊ သူမ၏ မျက်ခုံးမွှေးများသည် လှပကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီးကော်ဇောနီပေါ်တွင် အတောက်ပဆုံး အမျိုးသမီး ကြယ်ပွင့် လေးဖြစ်လာခဲ့သည်။

"Suicide Journey" ရုပ်ရှင် အဖွဲ့သားတွေအပြင် တခြားမင်းသမီးတွေကိုလည်း ဖိတ်ကြားခဲ့သေးသည်။ကျန်းထျန်သည် မလှမ်းမကမ်းရှိ ချန်းကျီရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို သတိပြုလိုက်မိသည်။ချန်းကျီရှန်း ၏အပြုံးသည် စက္ကန့်အနည်းငယ်ကြာ တောင့်တင်းသွားပြီး သူမမျက်လုံးများသည် ရှုပ်ထွေးလာခဲ့သည်။

ကျန်းထျန်သည် မျက်ခုံးပင့်ပြီး လင်းဆွေ့ကျိုး  ကို လှေကားထစ်သို့ ဆွဲခေါ်သွားခဲ့သည်။

ဆုပေးပွဲ အခမ်းအနားသည် live လွင့်နေခြင်းဖြစ်သည်။သူမရဲ့ အမူအရာတွေအကုန်လုံးသည် ကင်မရာပေါ်တွင်ပေါ်နေပြီး သူမဘေးပတ်ပတ်လည်ကိုလည်း အကုန်ရိုက်ကူးထားနိုင်သည်။ဇာတ်ကားတစ်ကားထဲ ရိုက်ကူးပြီး အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆု ဇကာတင်ဝင်ထားသော သူမကို ကင်မရာမန်းအဖွဲ့က အလွတ်ပေးမည်မဟုတ်သလို စက္ကန့်တိုင်းတွင် သူမ၏လှုပ်ရှားမှုများကို အမိအရ ရိုက်ကူးထားကြမည်ဖြစ်သည်။

သူမသည် တည်ငြိမ်နေပြီး သူမ၏ကျော‌ရိုးသည် ဖြောင့်နေကာ ကြော့ရှင်းနေခဲ့သည်။

ဧည့်သည်တွေ၏ စားပွဲပေါ်က မီးအလင်းရောင်က တဖြည်းဖြည်းမှိန်လာပြီး အစီအစဉ်တင်ဆက်သူ‌တွေသည် စင်ပေါ်ကို တက်လာကြသည်။

"Suicide Journey" သည် ၎င်း၏ အလွန်ကောင်းမွန်သော ဇာတ်ကွက်ကြောင့် အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့ပြီး ဓာတ်ပုံရိုက်ပြီးနောက်မှာ အကောင်းဆုံးသရုပ်ဆောင်မင်းသမီး ဆုကို ကြေငြာခဲ့သည်။

အစီအစဉ်တင်ဆက်သူတွေရဲ့ နောက်က စခရင်အကြီးကြီးကို ကြည့်ရင်း ကျန်းထျန်သည် လင်းဆွေ့ကျိုးကို မှီလိုက်ပြီး
"တကယ်လို့ ချစ်သာ တကယ် ဆုရသွားရင် ကိုဖိအားတွေအများကြီးရသွားလောက်လား?"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now