အခန်း [၁](၁)

607 18 0
                                    

Life is Short Like a Temporary Stay
( ဘဝကအချိန်ခဏ​လေးလိုပဲတို​တောင်းလွန်းလှတယ် )

အဲဒီနေ့ဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကအဲ့နေ့တွေနဲ ဆင်တူနေတယ်။

နွားသံ၊ကြက်ဖတွန်သံတွေကို ကြားရပြီးနောက် Qing Shuiမြို့ကလူသားများရဲ့အငွေ့အသက်များကို တဖြည်းဖြည်းချင်း ခံစားလာရပါပြီ။
Hui Chun ‌ဆေးခန်းမှ အဘိုးကြီး Mu သည်လတ်ဆတ်သောသိုးသားကိုဝယ်ယူဖို့ သားသတ်သမား Gao ဆီကနေ အလျင်အမြန် ပြေးသွားခဲ့တယ်။

သားသတ်သမား Gao ရဲ့အကူအစေခံနှစ်ယောက်ဟာလည်း ဈေးခင်းရန်အလုပ်ရှုပ်နေကြပါတယ်။

အဲ့မြို့မှာရှိတဲ့သမားတော် Wen Xiao Liu ဟာ အိမ်အနောက်ဘက် ဥယျာဉ်မြေကွက်လပ်ကလေးမှာ ဆောင့်ကြောင့်ထိုင်ရင်း ဘယ်ဘက်လက်မှာ သိုးသားနှပ်ဟင်းပန်းကန်လုံးတစ်လုံးကိုကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် မုန့်ပြားတစ်ချပ်ကိုကိုင်ကာ မြိန်ရည်လျှက်ရည်စားသောက်နေသည်။

သူ့ရဲ့အနောက်ဘက်တွင် ဆေးဖက်ဝင်အပင်များစိုက်ပျိုးထားတဲ့ မြေကွက်နှစ်ကွက်ရှိနေပြီးထိုမြေကွက်နှစ်ခုကြားမှာ မြစ်ငယ်တစ်ခုဆီသွားနေတဲ့ လမ်းသွယ်လေးတစ်ခုရှိသည်။
နေအခုမှစထွက်ကာစရွှေရောင်အလင်းတန်းတို့က မြစ်ရေမျက်နှာပြင်ပေါ်မှာ အရောင်ပြန်ဟပ်ပြီး ဖြာကျနေတယ်။မြစ်ရဲ့ကမ်းပါးနှစ်ဖက်မှာလည်းပန်းပွင့်များဖူးပွင့်နေကြပြီး ကျေးငှက်တို့ကလည်း ပျံတက်လိုက်၊ ဆင်းနားလိုက်နဲ့ ထိုမြင်ကွင်းမှာအလွန်ကဗျာဆန်လွန်းလှပါတယ်။

Xiao Liu ဟာ မြင်ကွင်းကို ရင်သပ်ရှုမောစွာငေးမောနေရင်းနဲ့ ဒီမှာ ကင်စားလို့ရတဲ့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဘဲငန်းနည်းနည်းလောက်ရှိရင် အရမ်းအရသာရှိမှာပဲလို့ သူ့ဘာသာ တွေးရင်း သဘောကျနေခဲ့တယ်။

သိုးသားနှပ်ကို စားသောက်ပြီးနောက် သူရဲ့ညစ်ပေနေတဲ့ပန်းကန်လုံးကို တံခါးဘေးမှာရှိတဲ့ တခြားမဆေးရသေးပဲညစ်ပေနေတဲ့ပန်းကန်လုံးတွေထည့်ထားတဲ့ လက်ဆွဲပုံးထဲကို ထည့်လိုက်တယ်။

ပြီးတော့ ပန်းကန်ဆေးဖို့အတွက် လက်ဆွဲပုံးကို ဆွဲယူလိုက်ပြီး မြစ်ရှိရာသို့ ထွက်လာခဲ့တယ်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now