အခန်း [ ၃ ](၂)

166 8 6
                                    

"ငါ့သား မင်းကိုတစ်ပတ်မှာ အကြိမ် အနည်းငယ်လောက်မရိုက်ရင် မင်းသူဌေး ဘယ်သူလဲ မေ့‌နေတယ်မလား" Xiao Liu က ခုန်တက်လာပြီး တံမြက်စည်းကို ကောက်ကိုင်လိုက်ကာ Chuan Zi ရဲ့ ဖင်ကို ရိုက်လိုက်‌တော့ သူဖင်ကိုကိုင်ပြီး အခန်းထဲသို့ ပြေးဝင်ကာ တံခါးကို အမြန်ပိတ်လိုက်သည်။

Xiao Liu က သူ့အခန်းတံခါးကို တံမြက်စည်းနဲ့ပုတ်ပြီး ဒေါသတကြီးနဲ့ "ငါပြောတာ မင်းနားလည်လား" လို့ အော်လိုက်တယ်။

အဘိုးကြီး Mu သည် မီးဖိုချောင်တံခါးဝတွင်ရပ်ကာ "Xiao Liu မင်းပြောတာကို ငါနားထောင်ပြီးပြီ၊ စိတ်မပူနဲ့ ငါနေကောင်းပါတယ်" ဟု ပြောကာ မီးဖိုချောင်တံခါးကိုပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့တယ်။ Xiao Liu သည် ချက်ချင်း ငြိမ်ကျသွားပြီး တံမြက်စည်းကို ထောင့်စွန်းသို့ပစ်ချလိုက်သည်။

Chuan Zi ပြတင်းပေါက်ကို ဖွင့်ကာ အဘိုးကြီး Mu ရဲ့ အခန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ Xiao Liu က သူ့ခေါင်းကို ပုတ်ပြီး "ဒီလူတွေက Qing Shui မြို့က ဖြတ်သွားဖြတ်လာ လူတွေချည်းပဲ။ သူတို့ထွက်သွားတာနဲ့ အချိန်က အရာအားလုံးကို ဖျောက်ပစ်ပြီး အဘိုးကြီး Mu လည်း အရင်အတိုင်းပြန်ဖြစ်လာလိမ့်မယ်" Chuan Zi လည်းခေါင်းညိတ်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

Shi Qi က အဆာပြေ ဝါးခြင်းတောင်းလေးကို Xiao Liu ကို ပေးလိုက်သည်၊ Xiao Liu က ကြက်ခြေထောက် အနည်းငယ်ကို ယူလိုက်တယ် Shi Qi ရဲ့မျက်လုံးများကတောက်ပ လာကာ Xiao Liu က Shi Qi ကို ယဉ်ကျေးစွာ ပြုံးပြီး "ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်တယ်

Shi Qi ရဲ့မျက်လုံးများမှိန်သွားခဲ့သည်။
[T/N: ရှောင်လျို့ သူ့ကို စိတ်ဆိုး မပြေသေးဘူးထင်နေတာ]

Xiao Liu သည် ကြက်ခြေထောက်များကိုကိုက်ကာ ပေါ့ပေါ့တန်တန် ကန်ပြီးတံခါးပိတ်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။

Shi Qi သည် ဝါးခြင်းတောင်းလေးကို ကိုင်ကာ ခေါင်းငုံ့ပြီး ငြိမ်သက်စွာ ရပ်နေသည်။ 6 လအကြာတွင် Xuan နဲ့ Ah nian သည် Xiao Liu ခန့်မှန်းထားသည့်အတိုင်း Qing Shui မြို့မှ ထွက်ခွာမသွားကြပေ Chuanzi သည် ဆေးပင်တွေကို ပြုစုရင်း ဒေါသကြီးနဲ့ မကျေမနပ်ပြောတယ် "အစ်ကို Liu အဲဒီခွေးမသားနဲ့ကျက်သရေမရှိတဲမိန်းကလေးက လမ်းမှာ ဝိုင်ဆိုင်ဖွင့်တယ်။ သူတို့လုပ်ငန်းပျက်စီအောင်သူတောင်းစားတချို့ကို ငါလွှတ်လိုက်မယ်။"

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now