အခန်း (၆) [၃/၃]

149 4 0
                                    

ရှောင်လျို့ ရေထသောက်ကာ သူ့မျက်လုံးများမှ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ ရှန်ထျန်းအာဘက်လှည့်ပြီး "ချွမ်းဇစ်ကို ကူညီဖို့ ဆေးပင်ခင်းထဲကို လိုက်သွားလိုက်ပါ"  ဆိုပြီးပြောလိုက်တော့ ရှန်ထျန်းအာ ရွှမ်းကိုကြည့်ပြီး တိတ်တဆိတ်ထွက်လာခဲ့သည်။

ရှောင်လျို့ ရေကိုဖြည်းညင်းစွာသောက်ပြီးမှ ရွှမ်းကိုမော့ကြည့်လိုက်သည် "ဘာလို့များ ဒီနေရာကိုကြွချီလာတာပါလဲ။" ရွှမ်း ခေတ္တရပ်လိုက်ပြီး "ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ"

ရှောင်လျို့က ရယ်မောရင်း "မင်းသေရင် မင်းခန္ဓာကိုယ်ထဲက အဆိပ်ပိုးကောင်လည်းသေသွားလိမ့်မယ်၊ ငါ အဲဒီပိုး‌ကောင်ကို ခက်ခက်ခဲခဲ မွေးမြူထားရတာ သူတို့ကိုလွယ်လွယ်မသေစေချင်ဘူး။” ရွှမ်း သူ့ကိုကြည့်နေတဲ့အချိန် ရှောင်လျို့ ရေနွေးတစ်ခွက် ထည့်ပေးလိုက်ပြီး "ငါ အားညန်ကို ဖမ်းခေါ်သွားပေမဲ့ သူထိခိုက်အောင်ဘာမှမလုပ်ခဲ့ဘူး၊ သူ့ကို နည်းနည်းပဲ စလိုက်တာ။ မင်းရဲ့ လက်အောက်ငယ်သားတွေက ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ငါကလည်း မင်းကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ပေးခဲ့ဘူး။ ရှန်းလျို့က ငါ့ကို ထောင်ချောက်အဖြစ် သုံးပြီး မင်းကို မျှားခေါ်ခဲ့ပေမဲ့ ငါမင်းကိုကယ်ခဲ့တာပဲလေ၊ ငါတို့အချင်းချင်း ကျေပြီလို့ မှတ်လို့မရဘူးလား။"

"မင်း ငါ့ဆီက အဆိပ်ပိုးကောင်ကို ဘယ်တော့ဖယ်ပေးမှာလဲ" ရွှမ်း မေးလိုက်သည်။ ရှောင်လျို့ တွေးကြည့်ပြီး တော့မှ "မင်း ချင်းရွှေမြို့က ထွက်သွားတဲ့အခါကျရင်။" ရွှမ်းရဲ့လက်တွေက စားပွဲပေါ်ကို ဖိချလိုက်ပြီး "ဘာလို့ အခုမဟုတ်ရတာလဲ"

“မင်းက ရည်မှန်းချက်ကြီးတဲ့သူဆို‌တော့ မကြာခင် မြို့ထဲကနေ ထွက်သွားသင့်တယ်။ မင်းထွက်သွားတဲ့အခါကျရင် ငါ ပိုးကောင်ကို ဖယ်ပေးမယ်။ ဒီပိုး‌ကောင်က ငါ နာကျင်ရင် မင်းလည်း ထပ်တူနာကျင်တာကလွဲပြီး တခြားဆိုးကျိုးတွေမရှိဘူး၊ အဲဒီတော့ မင်းငါ့ကိုထိခိုက်အောင်မလုပ်ရင် မင်းလည်းမနာကျင်ရဘူး။ ဒါက ငါဘေးကင်းအောင်ထားထားတာ။"

“ကောင်းပြီ။”  ရွှမ်း ထရပ်ကာ ထွက်သွားပြီး တံခါးရှေ့ရောက်တော့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး "မင်း အချိန်ရရင် ဆိုင်မှာ ငါနဲ့အတူ သေရည်သောက်ဖို့ လာခဲ့ပါဦး" ရှောင်လျို့ပြုံးလိုက်ကာ "ကောင်းပါပြီ။"

You've reached the end of published parts.

⏰ Last updated: Sep 08, 2023 ⏰

Add this story to your Library to get notified about new parts!

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now