အခန်း(၆) [၁/၃]

815 24 3
                                    

Like a Familiar Person Has Come
( ရင်းနှီးသူတစ်ဦး ရောက်ရှိလာသကဲ့သို့ )


ရှောင်လျို့၏ ခန္ဓာကိုယ်သည် အလွန်ထူးခြားသောကြောင့် ဒဏ်ရာများသည် သာမန်လူများထက် ပိုမိုလျင်မြန်စွာ ပျောက်ကင်းလာသည်။ ကျင်းသည် ကျောက်စိမ်းတောင်မှ အရိုးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ဆေးစွမ်းကောင်းများဖြင့် တန်ဆာဆင်ထားသောသလင်းကျောက်များကို ချန်ထားခဲ့သည်။ ဤတောကြီးထဲတွင် အဖိုးတန်သောဆေးစွမ်းကောင်းမှန်သမျှ အကုန်ရှိလေရာ ရှောင်လျို့၏ ဒဏ်ရာများသည်လည်း လျင်မြန်စွာသက်သာလာခဲ့သည်။

ရှောင်လျို့သည် ပစ္စည်းများကို အသုံးပြုရန်မည်သည့်အခါမျှ တွန့်ဆုတ်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်းမရှိ‌ချေ။ ထို့ကြောင့် သူ့လက်ကို စိမ်ထားရန်အတွက် ပေးထားသောအရိုးအနှစ်သာရ တစ်ပုလင်းလုံးကိုပစ်ထည့်လိုက်သည်။ သို့သော် အကိုက်အခဲပျောက်ဆေးကိုတော့ သူတစ်ခါမှမသုံးချေ။ ရှောင်လျို့သည် အကိုက်အခဲပျောက်ဆေးကို မသုံးဘဲ နေ့တိုင်း နာကျင်စွာ အော်ဟစ်ပြီး ခုန်ပေါက်နေသည်။ ရှန်းလျို့က အစပိုင်းတွင် အေးစက်စွာ ကြည့်နေခဲ့သော်လည်း နောက်ပိုင်းတွင် ဆူညံသံတွေကြောင့် သူ စိတ်တိုလာကာ “မင်းကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူကို ငါ သနားလိုက်တာ။ သူတို့က မင်းကို အသားစားပိုးကောင်တွေနဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်၊ အခုမင်းက သူတို့ကို သွေးဆူအောင် အသံနဲ့နှိပ်စက်နေတယ်။"

ရှောင်လျို့က သူ့အား နှုတ်ခမ်းစူလိုက်ပြီး မကျေမနပ်ကြည့်ကာ "ဂု ကိုရွှမ်းအပေါ် သုံးလိုက်ရတာ ငါတကယ်ကို နောင်တရတယ်။"

ရှန်းလျို့က ရယ်မောရင်း " မင်း ဂုတစ်ကောင်ကိုမွေးမြူထားမယ်ဆိုရင် ပိုပြီးရက်စက်တဲ့အကောင်ကို မွေးမြူထားသင့်တယ်။ ဒီပိုးကောင်က ရန်သူကို နာကျင်စေချင်ရင် မင်းကိုယ်မင်း အရင်နာကျင်‌အောင်လုပ်ရတယ်။ မင်း ဘုရားသခင်ကို ကျေးဇူးတင်ရမယ်၊ ကံကောင်းလို့အဲဒါကို မင်း ရွှမ်း အပေါ် မှာသုံးလိုက်တာ၊ အဲဒီလိုကမှ အသုံး၀င်နိုင်သေးတယ်၊ ငါ့ဆီမှာသာသုံးခဲ့မယ်ဆိုရင် ငါက ခေါင်းကိုးလုံးပါတဲ့မိစ္ဆာဆိုတာကို သတိရဦး။ မင်းကိုယ့်ကိုယ်ကိုယ်သေတဲ့အထိ နာကျင်အောင် လုပ်ရင်တောင် ငါဘာမှသိပ်ပြီးထိခိုက်မှာမဟုတ်ဘူး။"

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now