အခန်း(၆) [၂/၃]

127 2 3
                                    

"မင်း သူ့ကို ဘာလို့ ကယ်ခဲ့တာလဲ"  ရှန်းလျို့၏ အသံသည် အေးစက်နေပြီး သူ၏ဒေါသကို ထိန်းထားသည်။

ရှောင်လျို့၏စိတ်သည် ခဏတာတုန်လှုပ်သွားသော်လည်း တုံ့ဆိုင်းမနေဘဲ “သူ ဘယ်သူလဲဆိုတာ ငါသိတယ်” လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

ရှန်းလျို့၏မျက်ခုံး အနည်းငယ် ပင့်တက်သွားသည်။

ရှောင်လျို့ဆက်ပြောကာ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါအံ့‌‌သြနေခဲ့တာ၊ မင်း နေ့တိုင်း ဘာလို့ ငါနဲ့လွတ်လွတ်လပ်လပ် အချိန်ဖြုန်းနေတာလဲလို့ စဉ်းစားနေတာ၊ နောက်တော့မှ ငါသိလိုက်တယ် မင်းငါ့ကို ဂရုစိုက်လို့မဟုတ်ဘဲ ရွှမ်းကို စောင့်နေခဲ့တာပဲ။  ကျင်းက မင်းတို့တွေ ရွှမ်းယွမ်စစ်တပ်နဲ့ နှစ်တွေ ရာနဲ့ချီပြီး စစ်တိုက်နေတယ်ဆိုတာကို သိထားလို့ ငါ့ကိုတောင်မှာပဲ ပုန်းစေချင်ခဲ့တာ။ သူတို့က မင်းရှိတဲ့နေရာကို အခုထိရှာမတွေ့ကြသေးဘူး။ မင်းသာဆန္ဒရှိရင် ရွှမ်း ငါ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းသူ့ရဲ့ ပုံစံအစစ်အမှန်ကို ခန့်မှန်းပြီးပြီ၊ သူငါ့ကိုအသက်မရှင်စေချင်ဘူးဆိုတာလည်း မင်းသိနေတော့ ငါ့ကို ထောင်ချောက်အဖြစ်ထားပြီး မင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူ့ကို သတ်ပစ်ဖို့ပဲ။"

"ငါမင်းကို ငါးစာအဖြစ်ထားတယ်။ အဲဒါ ပြဿနာရှိလို့လား"

"အစကတော့ မင်းရည်ရွယ်ချက်က ကိစ္စမရှိဘူး၊ သူကငါ့ကိုသတ်ချင်နေတာဆိုတော့ ငါနဲ့မျှားခေါ်တာက အကောင်းဆုံးပဲ။ ပြီးတော့ ငါလည်း သူ့ကို သတ်ချင်နေတာ ဒါပေမဲ့ အခု သူတကယ်ဘယ်သူလဲဆိုတာ ငါသိသွားပြီ၊ သူက ရွှမ်းယွမ်တိုင်းပြည်ရဲ့မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ ရွှမ်းယွမ်မင်းသားကျွမ်းရွှီ၊ ပြီးတော့ ရွှမ်းယွမ်ဘုရင်ရဲ့အကြီးဆုံးမြေးတော်လည်း ဖြစ်တယ်၊ မင်းသူ့ကိုသတ်ဖို့ ငါကူညီပေးလိုက်ရင် ရွှမ်းယွမ် တိုင်းပြည်နဲ့ ရန်သူဖြစ်လာမှာ‌ပေါ့၊ ဒါဆိုရင် ငါ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်တော့ဘူး၊ ဒီလောကကြီးမှာ ငါပုန်းအောင်းနိုင်တဲ့ နေရာလည်း ရှိလာမှာမဟုတ်တော့ဘူး။”

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now