အခန်း [၂](၁)

221 10 0
                                    

The Road Ahead is Unknown
( ရှေ့ဆက်ရမဲ့လမ်းမှာဘာဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူး )


Qing Shui မြို့ဟာ ကြီးမားတဲ့မြို့ မဟုတ်ပင်မဲ့ ကျယ်ပြောတဲ့သဲကန္တာရထဲမှာတော့ ထင်ရှားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။
မြောက်ဘက်ကနေ တောင်ဘက်အထိ မြင့်မားသောတောင်တန်းများက ခိုင်မာမြဲမြံစွာ ပိတ်ဆီးထားပြီး ထိုတောင်တန်းများက ဘုရင်မင်းမြတ်ကို သစ္စာမခံသူတွေ ၊ တစ်နည်းအားဖြစ် ပုန်ကန်သူတွေအတွက် သဘာဝအကာအကွယ် ၊ အတားအဆီးသဖွယ် ဖြစ်တည်နေတယ်။

Sheng Nong တိုင်းပြည် ဖျက်ဆီးခံလိုက်ရချိန်မှာ Sheng Nong ပြည်ရဲ့ စစ်သူကြီး Gong Gong ဟာ လက်နက်ချပြီး သစ္စာခံဖို့ကို ငြင်းဆိုခဲ့တယ်။ သူက စစ်သည်ရဲမက်ပေါင်းများစွာကို ဦးဆောင်ကာ Qing Shui မြို့ အရှေ့ဘက်မှာ စခန်းချထားပြီး အဲ့နေရာကနေ Yellow Emperor ( အဝါရောင်ဧကရာဇ် ) ကို ဆက်လက်ပြီး တိုက်ခိုက်နေခဲ့တယ်။
[T/N: Yellow Emperor ဆိုတာ Xuan Yuan ရဲ့ အုပ်ချုပ်သူကိုခေါ်တာပါ Prologue မှာပါပါတယ်]

အရှေ့ဘက်မှာ စစ်သူကြီးGong Gong ရဲ့ စစ်တပ်ရှိတဲ့အပြင် Qing Shui မြို့ဟာ Xuan Yuan တိုင်းပြည်ရဲ့အနောက်ဘက်နဲ့ Gao Xing တိုင်းပြည်ရဲ့ မြောက်ဘက်မှာ တည်ရှိတယ်။
Qing Shui မြို့က Gao Xing တိုင်းပြည်ရဲ့Grand Emperor ( ကြီးကျယ်ခမ်းနားလှသော ဧကရာဇ် (သို့) မဟာမင်းကြီး ) ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိသလို Xuan Yuan တိုင်းပြည် Yellow Emperor ရဲ့ အာဏာသက်ရောက်ခြင်းလည်း မရှိပါဘူး။

တဖြည်းဖြည်းနဲ့ Qing Shui မြို့ဟာ အာဏာစက်သုံးခု ရောယှက်နေတဲ့နေရာဖြစ်လာခဲ့ပြီး ဘယ်အာဏာကမှ ထိုမြို့ကို မထိန်းချုပ်နိုင်ပါဘူး။ Qing Shui မြို့တွင်းမှာ တော်ဝင်အာဏာဆိုတာမရှိသလို မျိုးရိုးမြင့်မိသားစုတွေဆိုတာလည်းမရှိဘူး။လူချမ်းသာလည်းမရှိသလို သူဆင်းရဲလည်းမရှိပေ။ နောက်ပြီး နတ်ဘုရား နဲ့ မိစ္ဆာတွေဆိုပြီးခွဲခြားထားတာလည်း သေချာပေါက်မရှိချေ။

အကယ်၍ လူတစ်ယောက်ဟာ အရည်အချင်းတစ်ခုရှိတယ်ဆိုရင် သူဟာ နတ်ဘုရားတစ်ယောက်ပဲဖြစ်ဖြစ် ၊ မိစ္ဆာပဲဖြစ်ဖြစ် ၊ အရင်က အရာရှိတစ်ယောက်ပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒါမှမဟုတ် တောပုန်းဓားပြတစ်ယောက်ပဲဖြစ်ခဲ့ပါစေ ၊ သူဟာ ရိုးသားစွာ အလုပ်လုပ်ပြီး အသက်ရှင်နေထိုင်နိုင်တယ် ။ ဘယ်သူမှ အဲ့သူရဲ့ အတိတ်အကြောင်းကို စိတ်မဝင်စားကြဘူး။ တဖြည်းဖြည်းနဲ့ လူအမျိုးအစားပေါင်းစုံဟာ ဒီမြို့လေးမှာ စုဝေးလာကြတယ်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now