အခန်း [၂](၂)

208 9 0
                                    

Xiao Liu က ရယ်လိုက်တယ်။
"ငါက တောထဲတောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့တာပါ ၊ ငါဗိုက်ဆာလာပြီဆိုရင် နှစ်တစ်ထောင်သက်တမ်းရှိတဲ့မြွေမိစ္ဆာရဲ့အောက်က ဥကိုတောင် ခိုးခဲ့တာ ၊ အရက်စက်အကြမ်းကြုတ်ဆုံးဆိုတဲ့သားရဲတွေတောင်မှ ငါ့ကို အန္တရာယ်မပေးနိုင်ဘူး ၊ အရှင်းဆုံးပြောရရင် လူတွေထက်ပို‌ကြောက်ဖို့ကောင်းတဲ့သားရဲတိရိစ္ဆာန်ဆိုတာမရှိပါဘူး ......"

Xiao Liu က ခါးစည်းကို ပြင်ဝတ်လိုက်ပြီး လက်ပြနှုတ်ဆက်တယ်။
" ငါသွားပြီနော် "

" ငါ မင်းကို စောင့်နေမယ် "
Shi Qi က သစ်ပင်အောက်နားမှာရပ်နေတယ်။

တစ်စုံတစ်ယောက်ကို တစ်ဘဝစာလုံး စောင့်မျှော်နေမယ့်လူရယ်လို့ မရှိပါဘူး။Xiao Liu လည်း ပြုံးလိုက်ပြီး ခုန်ပျံကျော်လွှားကာ သစ်ပင်တွေကြား ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။

Xiao Liu က Jiu Jiu လို့ခေါ်တဲ့ အကောင်ငယ်လေးကို ဖမ်းဖို့ထွက်လာခဲ့တာပါ။ အဲ့အကောင်ငယ်လေးက ကြောင်ကတိုးတစ်ကောင်နဲ့ ဆင်တူတယ်။ သူ့မှာ ရှည်လျားတဲ့ အဖြူရောင်အမြီးတစ်ချောင်းရှိပြီး လူသားတွေရဲ့ဝမ်းနည်းမှုတွေကို ဖယ်ရှားပေးနိုင်တယ်။သူက ကောင်းသတင်းနှင့် ကျော်ကြားတာကြောင့် ငွေသားများများနှင့် ရောင်းချလို့ရတယ်။သူ့မှာ တိုက်ခိုက်စွမ်းရည်လုံးဝမရှိပေမယ့် အလွန့်အလွန် လိမ္မာပါးနပ်ပြီး အလွယ်တကူထိတ်လန့်ကြောက်ရွံ့နိုင်ကာ အဝေးကို အလျင်အမြန်ထွက်ပြေးသွားနိုင်တယ်။

ဒါကြောင့် သူ့ကို ဖမ်းဖို့အရမ်းခက်တယ်။ ဒါပေမဲ့ Xiao Liu မှာ နည်းလမ်းရှိပါတယ်Jiu Jiu က မိန်းမပျိုလေးရဲ့သီချင်းဆိုသံကို နားထောင်ရတာကြိုက်တယ်။ မိန်းမပျိုလေးရဲ့ကြေကွဲဖွယ်သီချင်းသံဟာ Jiu Jiu ရဲ့စိတ်အာရုံကို ဖမ်းစားလိုက်ပြီး မိန်းမပျိုလေးရဲ့ကြေကွဲဖွယ်အတိတ်ကိုမေ့ပျောက်နိုင်ဖို့ရန် ကူညီဖို့ရာ သူမဆီကို သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ချဥ်းကပ်လာလိမ့်မယ် ။

Xiao Liu ဟာ ထောင်ချောက်ဆင်ဖို့အတွက် နေရာတစ်နေရာကို တွေ့သွားတယ်။သူက ပထမဆုံး ရေထဲဆင်းပြီး သူကိုယ်ပေါ်က တိရိစ္ဆာန်မစင်တွေကို ဆေးကြောလိုက်တယ်။ပြီးတော့ ကျောက်တုံးတစ်တုံးဆီ တွားသွားတက်လိုက်ပြီး ထိုင်လိုက်တယ်။ကျောက်တုံးဟာ နေရောင်ခြည်နဲ့ နွေးထွေးနေတယ်။သူလည်း ထိုင်လျက်နဲ့ပဲ ဆံပင်ပုံစံကိုပြင်ဆင်လိုက်ပြီး သီချင်းကို သီဆိုလိုက်တယ်။သီချင်းသံဟာ လေနှင့်အတူ ပျံ့လွင့်သွားတယ် Xiao Liu ဆိုတဲ့သီချင်းက လူတစ်ယောက်ကို အမြဲတမ်းလွမ်းဆွတ်နေပြီး ဘယ်တော့မှ မမေ့နိုင်တော့မယ့် အကြောင်းအရာကို ရေးစပ်ထားတဲ့သီချင်းပါ။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now