အခန်း [၂](၃)

181 11 1
                                    

သူတို့နှစ်ယောက် Qing Shui မြို့ကို ပြန်ရောက်တော့ အဘိုးကြီး Mu က သူ့ဓားကိုကိုင်ပြီး ဆူပူကြိမ်းမောင်းတယ်။ " မင်းတို့ ဘာလို့ ဒီလောက်ကြာနေရတာလဲ ၊ မသွားရမယ့်နေရာကို ငါမပြောခဲ့ဘူးလား။ "

Xiao Liu က သူ့ကို ရှားပါးဆေးပင်များအား ဝမ်းသာအားရပြလိုက်ပြီး " ကျွန်တော်တို့ သေချာပေါက် ဘယ်သွားပါ့မလဲ ၊ Shi Qi က တောတောင်ရဲ့ မြေမျက်နှာသွင်ပြင်ကို မသိလို့ ကျွန်တော်တို့ရက်အနည်းငယ်လောက် လမ်းပျောက်နေခဲ့လို့ပါ ၊ အခု ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီမလား "

အဘိုးကြီး Mu က ရှားပါးဆေးပင်တွေကိုမြင်တော့ ဝမ်းသာသွားပြီး ဂရုတစိုက်နဲ့ ဆေးပင်တွေကို ယူသွားတယ်။ Xiao Liu က Shi Qi ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး လေလေးတချွန်ချွန်နဲ့ လမ်းလျှောက်ကာ သူ့အခန်းဆီ ပြန်သွားတယ်။

တစ်လကြာပြီးနောက်မှာတော့ အဘိုးကြီး Mu ရဲ့ စီစဥ်ပေးမှုဖြင့် Ma Zi နဲ့ သားသတ်သမား Gao ရဲ့သမီးတို့ စေ့စပ်ကြတယ်။
အရာအားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့တယ်။ နေ့တိုင်းကလည်း အရင်အတိုင်းပဲ အရမ်းတည်ငြိမ်နေတော့ ပျင်းဖို့ကောင်းတယ် ၊ ပျင်းဖို့ကောင်းတော့ အေးချမ်းတယ် ၊ အေးချမ်းတော့ ပျော်ဖို့ကောင်းတယ်။

ရံဖန်ရံခါမှာတော့ သိန်းငှက်ဖြူကြီးတစ်ကောင်ဟာ Xiao Liu ကို လာရှာတယ်။
၄င်းဟာ တစ်ခုခုကို ယူဆောင်လာပြီး တစ်ခုခုကို ပြန်ယူသွားလေ့ရှိတယ်။
Xiao Liu က Xiang Liu အတွက် အဆိပ်ကိုဖော်စပ်ပေးပေမယ့် တစ်ခုခုကို ဆရာစားချန်ထားလေ့ရှိတယ်။ အကယ်၍များ အဆိပ်ရဲ့အစွမ်းက သူလိုချင်တဲ့အတိုင်း သေဆုံးမှုထက်ကျော်လွန်တယ်ဆိုရင် ထူးခြားတဲ့အရောင် ဒါမှမဟုတ် အနံ့ရှိအောင်လုပ်ထားတယ်။
ဘာအတွက်ပဲအသုံးပြုပြု တင်းကြပ်တဲ့အကာအကွယ်အောက်မှာရှိတဲ့ အာဏာနဲ့စွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်တွေကို သတ်ဖို့ရန် အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး ။

အချိန်ကြာလာရင် Xiang Liu ဘက်က ကြေးများလာလိမ့်မယ်လို့ Xiao Liu ထင်ထားခဲ့ပေမယ့် Xiang Liu က အရောင် ၊ အနံ နှင့် အရသာကို ဂရုစိုက်ပုံမရဘဲ သူ့သတ်မှတ်ချက်နှင့် ကိုက်ညီနေသရွေ့ သူက အားလုံးကို လက်ခံတယ်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now