Description

2.1K 63 3
                                    

ဘ၀ဆိုသည်မှာ တွေ့ဆုံခြင်းနဲ့ခွဲခွာခြင်း ၊ စတင်တဲ့အချိန်နဲ့မေ့ပျောက်ခြင်းဖြစ်တယ်။ ဒါပေမဲ့ အကြောင်းအရာတွေတစ်ကြိမ်ဖြစ်ပျက်ခဲ့ပြီးတာနဲ့ ခြေရာတွေကျန်ခဲ့သလိုမျိုး ၊ လူတစ်ယောက်ထွက်ပေါ်လာပြီးလျှင်လည်း မေ့ပျောက်လို့မရနိုင်ပေ။

Qing Shui မြို့တွင် ကံတရားအရတွေ့ဆုံခဲ့မှုက အားလုံးရဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့သည်။ Da Huang ရဲ့ ကံကြမ္မာကိုတောင်မှပေါ့။ နွေးထွေးမှုအနည်းငယ်နှင့် အဖော်ပြုပေးမှုကို လိုချင်တပ်မက်ခြင်းသည် နှလုံးသားကိုကွဲအပ်စေသည်။ အဲဒါကအဆိပ်ခတ်ထားတဲ့ဝိုင်တစ်ခွက်လိုပဲ လည်ချောင်းဆီကိုရောက်တဲ့အခါ ချိုမြိန်ပြီး ကွဲကြေနေတဲ့အရိုးတွေကိုအရည်ပျော်စေပေမဲ့ နှလုံးနဲ့အဆုတ်ကိုရောက်ချိန်မှာတော့ ဆေးမမှီတော့ပေ။ ချစ်ရသူရဲ့အပြုံးလေးကသာ အဆိပ်ကိုဖယ်ရှားပေးနိုင်သည်။ မဖယ်ရှားနိုင်ပါက တစ်ခုတည်းသောကျန်တဲ့အရာမှာ ထွင်းထုထားသောလွမ်းဆွတ်ခြင်းဖြစ်ပြီး သေဆုံးပြီးချိန်မှာ‌တောင်မရပ်တန့်တော့ပေ။

အရာအားလုံးကကံကြမ္မာအတိုင်းပင် Xiao Yao နဲ့ Tu Shan Jing တွေ့ဆုံပြီးလျှင် တစ်နေ့တွင်ခွဲခွာရပေမည်။ ချစ်လို့မရသလို မေ့လို့လည်းမရတဲ့ကံကြမ္မာပင်။ တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့လို့မရသော်လည်း နှလုံးသားရဲ့အနက်ရှိုင်းဆုံးသောနေရာမှာတော့ မမေ့အောင် မြုပ်နှံထားကြသည်။ နူးညံ့သိမ်မွေ့သော သင်္ကေတလေးသည် ထာဝရ ဖျောက်ဖျက်၍မရနိုင်ပါ။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now