အခန်း [ ၄ ](၂)

204 8 0
                                    

ဒါပေမဲ့ အခုတော့...ဟင်း...

ရွှေရောင်သရဖူတပ်ဆင်ပြီး ပြောင်းလဲထားသည့် လင်းယုန်ဖြူလေးသည် ပြတင်းပေါက်မှ ပျံဝင်လာကာ ရှောင်လျို့၏ရှေ့၌ မောက်မာစွာ ဆင်းသက်လာခဲ့သည်။

ရှောင်လျို့က " မင်းရဲ့ အဲ့ပုံစံကိုမြင်တော့ မင်းရဲ့အမွှေးတွေကိုဆွဲနုတ်၊ မင်းရဲ့ဘယ်ဘက်တစ်ခြမ်းကိုကင်၊ မင်းရဲ့ညာဘက်တစ်ခြမ်းကိုကျ ချက်ပြုတ်ပြီးရင်အရိုးတွေကိုခွေးကျွေးပစ်လိုက်ချင်တယ် "

ရှောင်လျို့သည် ရှန်းလျို့ စီးတော်ယာဉ်ဆီသို့ အမြန်ပြေးသွား၍ သူ့ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်သို့ နိမ့်ပြီး "ငါမင်းသခင်ကို တွေ့ချင်တယ်၊ ငါ့မှာ အလုပ်ကိစ္စရှိလို့"

ရှန်းလျို့ စီးတော်ယာဉ်သည် ရှောင်လျို့ကို ဒေါသတကြီး စိုက်ကြည့်ပြီး အတောင်ပံဖြန့်ကာ ပျံသန်းသွားလေသည်။

ရှောင်လျို့သည် ရှန်းလျို့ကို အိမ်ထဲတွင်တွေ့ဆုံလို့မရနိုင်ဟု ခံစားလိုက်ရသည်။ ပြီးခဲ့တဲ့တစ်ခေါက် ပတ်ဝန်းကျင်က သူ့အားစော်ကားပြောဆိုမှုတွေကို အမှတ်ရပြီး သူအလွယ်တကူ ဒေါသထွက်သွားနိုင်သည်။

ရှောင်လျို့ ချင်းရွှေမြို့က‌နေထွက်ပြီး တောထဲသို့၀င်ကာ မြစ်ဘက်သို့ ပြေးသွားခဲ့သည်။ ရှောင်လျို့သည် လူငါးယောက်ခြောက်ယောက်လောက် ဖက်လို့ရသောသစ်ပင်ကိုတွေ့သော် သစ်ပင်ပေါ်တက်ကာ သက်တောင့်သက်သာရှိသောနေရာကို ရှာပြီးထိုင်လိုက်သည်။

သစ်ပင်သည် အလွန်မြင့်သောကြောင့် အရာရာတိုင်းကို အမြင့်မှ လှမ်းမြင်‌နေရသည်။ ဆောင်းရာသီနဲ့ အေးတဲ့လေကြောင့်သာ မဟုတ်လျှင် မြင်ကွင်းသည် အလွန်ပြည့်စုံမည်ဖြစ်သည်။

သူ ရောက်လာပြီ!

ရှောင်လျို့ မော့ကြည့်လိုက်တော့ ရှန်းလျို့သည်လင်းယုန်ဖြူနောက်ကျောပေါ်မှ အဖြူရောင်အဝတ်အစား၊ အဖြူရောင်ဆံပင်နှင့်အတူ လမင်း၏အလယ်ကနေ ဆီးနှင်းတွေလို ကောင်းကင်မှပျံဆင်းလာကာ ရှောင်လျို့ဘေးသို့ ညင်သာစွာ ဆင်းသက်လာသည်။

ရှောင်လျို့ က " ရွေးချယ်စရာ သုံးခု၊ မင်းငါ့ကို အကြိမ် ၄၀ ရိုက်မလား၊ ဒီကနေ မောင်းထုတ်မလား၊ ဒါမှမဟုတ် ငါ့ရဲ့ အရေးကြီးတဲ့ကိစ္စကိုမင်းနားထောင်မလား၊ အရေးကြီးတယ်! "

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now