အခန်း [၁](၃)

228 11 0
                                    

သူ့ရဲ့နှလုံးသားထဲမှာ ငါနားထောင်ပါ့မယ် ဆိုတဲ့စကားကို သံပူနဲ့ထိုးမှတ်ထားသလိုမျိုး ထင်မှတ်ရလောက်အောင် ဒီစကားတွေက သူ့ရဲ့ကြည်လင်တောက်ပတဲ့မျက်လုံးတွေထဲမှ ရောင်ပြန်ဟပ်နေတယ်။
Xiao Liu လည်း ခဏတာတွေဝေသွားတယ်ပြီးတော့မှ

" ဒါဆိုလည်း မင်း ဒီမှာနေနိုင်ပါတယ် "

သူရဲ့ နှုတ်ခမ်းများက ပြုံးချင်၍လားမသိ ၊ လှုပ်ရှားသွားတယ်။
ဒါပေမယ့် သူမပြုံးခဲ့ပါဘူး။

Xiao Liu လည်း သူ့ကို မြက်ခြောက်တစ်ချို့လှမ်းပစ်ပေးလိုက်တယ်။ " တစ်နေရာရာမှာ သွားထိုင်ပြီး အဲ့ဒါကိုဝါးနေလိုက် "

သူက အမိန့်နာခံစွာနဲ့ တစ်ဖက်ရှိ ကျောက်တုံးလမ်းကလေးပေါ်ထိုင်ကာ မြက်ခြောက်အချို့ကို ဖြည်းညင်းစွာ ဆွဲယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။ မြက်ခြောက်ကို စားနေကြတာခြင်းတူပေမယ့် သူ့လှုပ်ရှားမှုတွေက သိမ်မွေ့နေပြီး သူက ဒီလိုမြက်ခြောက်မျိုးကို မစားခဲ့ဖူးဘဲ တောင်တန်းတွေဆီက နတ်ဘုရားတွေရဲ့ သစ်သီးတွေကိုပဲ စားခဲ့ရတယ်ဆိုတဲ့ပုံရိပ်မျိုးကို ပေးစွမ်းနေတယ်။

" ဟုတ်တယ် သူဖုန်းစားရေ ၊ အဲ့ဒီမြက်ခြောက်က မင်းလည်ချောင်းအတွက် ကောင်းတယ်။ " Ma Zi က ခေါင်းကိုကုတ်လိုက်ပြီး Xiao Liu ကို လှမ်းပြောလိုက်တယ်

" အစ်ကို Liu ၊ သူ့ကို နာမည်ပေးလိုက်ပါလား ၊ ကျွန်တော်တို့ သူ့ကို ' သူဖုန်းစား ' လို့ပဲ ခေါ်နေလို့မရဘူးလေ "

Xiao Liu က

" ဒါဆိုလည်း သူ့ကို Gan Cao ( မြက်ခြောက် ) လို့ ခေါ်မယ် "

" မကောင်းဘူး "

Ma Zi နဲ့ Chun Zi တို့နှစ်ယောက်လုံးကငြင်းတယ်။

" သူ့ကို ပိုကောင်းတဲ့နာမည်တစ်ခုပေးပါ ၊ ကျွန်တော်တို့လိုနာမည်မျိုးမဟုတ်ဘဲနဲ့လေ "

Xiao Liu က သူတို့နှစ်ယောက်လုံးကို ရိုက်လိုက်တယ်။

" ငါတို့နာမည်တွေက ဘာဖြစ်နေလို့လဲ "

"ကျွန်တော်တို့နာမည်တွေက ကျွန်တော်တို့နဲ့သင့်တော်ပေမယ့် ဒီနာမည်က သူနဲ့မသင့်တော်ဘူးလေ။ Chun Zi က စိတ်ရင်းအမှန်အတိုင်းပြောလိုက်ပြီး Ma Zi က ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်တယ်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now