အခန်း [ ၅ ](၃)

182 10 0
                                    

ရှောင်လျို့က တဟားဟားရယ်လိုက်ကာ အားညန်ကို ဆွဲထူပြီး သူမ ကျိန်ဆဲနေသည့်ကြားမှ ဆွဲခေါ်သွားလိုက်သည်။ ရှောင်လျို့သည် ရွှမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲလို့ တွေးရင်းလမ်းလျှောက်လာခဲ့ကာ ရွှမ်းနှင့် ပတ်သက်သည့် အသေးစိတ်တစ်ခုချင်းစီကို ပြန်စဉ်းစားသော်လည်း သူ ဘယ်သူလဲဆိုတာကို မှန်းဆမရချေ။

သည်လူက လုံးဝပြီးပြည့်စုံသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားလေသည်။ အခြားလူများ မျက်နှာဖုံးတပ်ထားလျှင် မျက်နှာဖုံးမှန်း အတပ်သိနိုင်သော်လည်း ရွှမ်းရဲ့ မျက်နှာဖုံးကမူ သူနှင့်တစ်သားတည်း ဖြစ်နေသကဲ့သို့ပင် သက်သောင့်သက်သာဖြစ်ပြီး သဘာဝကျနေသည်။
ပြောရဆိုရလွယ်သဖြင့် အဘိုးကြီးမု, ချွမ်းဇစ်, မာဇစ်နှင့် သားသတ်သမားကောင်းတို့က သူ့ကို နှစ်သက်ကြသည်။ ချောမောပြီး ရယ်စရာကောင်းသည်ဆိုသော အကြောင်းပြချက်ဖြင့် ရှန်ထျန်းအာနှင့် ချွင်းထောင်တို့ကလည်း သူ့ကိုနှစ်သက်ကြသည်။ ရှောင်လျို့သေချာစဉ်းစားပြီးမှ သူလည်း ရွှမ်းကို ပါးနပ်ပြီး ကိစ္စများကိုသေချာကိုင်တွယ်နိုင်သည့်အတွက် နှစ်သက်သည်ဟုနားလည်သွားသည်။ သို့သော်လည်း အမှန်တကယ်တွင် ရွှမ်း ရဲ့ပင်ကိုစရိုက်အမှန်၊ သူဘာတွေ နှစ်သက်သလဲ၊ သူကိစ္စတွေကို ဘယ်လိုကိုင်တွယ်သလဲ စတာတွေကိုတော့ ရှောင်လျို့ လုံးဝ ခန့်မှန်းလို့မရနိုင်ပါ။ ရွှမ်း ရဲ့ တစ်ခုတည်းသောအားနည်းချက်က သူဟာ သူ့အနားကလူတွေကို အရမ်းကာကွယ်ပေးတတ်တယ် ဆိုတာပဲ။ သူ့ညီမဝမ်းကွဲ ဘာတွေပဲလုပ်လုပ် အခြားသူများကို ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတယ် သူ့ညီမဝမ်းကွဲ တောင်းပန်စရာမလိုအောင် သူကပဲ တောင်းပန်လိုက်ဖို့ထိပင် ဆန္ဒရှိလေသည်။

ရှောင်လျို့ ရုတ်တရက် ကိုယ့်ဘာသာ သိချင်မိသွားသည် - ဘယ်လိုလုပ်ပြီး ကမ္ဘာပေါ်မှာ သူ့လိုယောက်ျားမျိုး ရှိနေပါလိမ့်။ သူ့ရဲ့ စရိုက်က ဒီလောက်ထိ ထူးဆန်းနေရအောင် ဘယ်လိုများနေထိုင်ခဲ့ပါလိမ့်။ ရှောင်လျို့ က အားညန် ကို ပြောလိုက်သည်။ “ငါ မင်းအစ်ကိုဝမ်းကွဲကို နည်းနည်း ကြောက်လာပြီ။” အားညန် က ရွှတ်နောက်နောက် ပြန်ဖြေလိုက်၏ “အခုမှသိတာ သိပ်နောက်ကျသွားပြီ။”

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now