အခန်း [ ၅ ](၂)

163 5 0
                                    

လင်းယုန်ဖြူက မြေပေါ်ဆင်းသက်လာသည်နှင့် ရှောင်လျို့က ကျောပေါ်တက်လိုက်ပြီး ဂရုမစိုက်သလို ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ "ကောင်းပြီလေ၊ အခုတလော အဆိပ်အသစ်တစ်မျိုး ဖော်ထားတာနဲ့ အတော်ပဲ၊ စမ်းလို့ရပြီပေါ့"

မို့ချူ (လင်းယုန်ငှက် ) က သူတို့ကို အလွန်နက်ရှိုင်းသောတောထဲရှိ တောင်ပေါ်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ရှောင်လျို့က မျက်လုံးတွေကို မှိတ်ထားရင်း ရှန်းလျို့ကို သတိပေးလိုက်သည်။ "မင်းပြန်စဉ်းစားဦးနော်။ ငါက နာကျင်ရမှာကို ကြောက်တယ်၊ သစ္စာလည်းမရှိဘူး၊ လွယ်လွယ်ကူကူလည်း ဘက်ပြောင်းတတ်တယ်။ တကယ်လို့များ နောက်ပိုင်း ရွှမ်းယွမ်စစ်တပ်က ငါ့ကို ဖမ်းမိသွားခဲ့ရင် နည်းနည်းလေးနှိပ်စက်ခံလိုက်ရတာနဲ့ ငါတစ်လုံးမကျန် အကုန်ပြောပစ်မှာ"

ရှန်းလျို့က ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသည်။

ရှောင်လျို့က လင်းယုန်ငှက်၏လည်ပင်းကို ပွေ့ဖက်ထားရင်း အိပ်မောကျသွားသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတုန်းမှာပဲ လင်းယုန်ငှက်က မြေပြင်ပေါ်သို့ဆင်းသက်နေပြီဖြစ်ကြောင်း ခံစားရလိုက်သည်။ ရှန်းလျို့က သူ့ကို ငှက်ပေါ်မှ ဆွဲချလိုက်ပြီး ပြောသည် "မင်းမျက်လုံးကိုဖွင့်ကြည့်လိုက်"

"မဖွင့်ဘူး!" ရှောင်လျို့က မျက်လုံးတွေကို တင်းတင်းမှိတ်ထားပြီး ရှန်းလျို့လက်ကို ဆုပ်ကိုင်လိုက်ကာ "နောင်တစ်ချိန် မင်းငါ့ကို သတ်ဖို့ အကြောင်းပြချက်တစ်ခု ရသွားတာမျိုး မဖြစ်စေချင်ပါဘူး!" ဟု ပြောလိုက်သည်။

ရှန်းလျို့ရဲ့ လက်များငြိမ်ကျသွားသည်နှင့် ရှောင်လျို့က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ တပ်စခန်းဆီ သွားရာလမ်းတွင် အလွန်လျင်မြန်သည့် ရှန်းလျို့ကြောင့် ရှောင်လျို့တစ်ယောက် နောက်မှ တရွတ်တိုက် လိုက်နေရသဖြင့် သူ့လက်ကိုပဲဖက်တွယ်ထားရသည်။ ရှန်းလျို့ က ပြော၏ "စခန်းကိုရောက်ပြီ။ အကုန်လုံးအိမ်တွေချည်းပဲဆိုတော့ မင်းသာ စပ်စပ်စုစုမလုပ်ရင် ဒီနေရာက ဘယ်မှာရှိတာလဲဆိုတာ မသိနိုင်ဘူး။"

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now