အခန်း [၁](၂)

280 9 0
                                    

Xiao Liu က သူ့ရဲ့ဆံပင်တွေကို နည်းနည်းချင်းစီယူကာ ဆေးကြောပေးနေတယ်။ သူ့ရဲ့လက်တွေကို ပုံမှန်ထက် ညင်သာစွာလှုပ်ရှားရင်း သူ့ရဲ့ခေါင်းကို လျှော်ပေးပြီးတဲ့နောက်မှာ ခေါင်းရှိ သွေးနဲ့အညစ်အကြေးတွေကို ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်တယ်။
ပြီးတော့ ပျက်စီးနေပြီဖြစ်တဲ့အစိတ်အပိုင်းတွေကို ကတ်ကြေးနဲ့ညှပ်ပေးလိုက်တယ်။

သူ့ဆံပင်တွေကို ဆေးကြောပေးပြီးနောက် Xiao Liu ရဲ့ လက်ချောင်းတွေက သူ့ဦးရေပြားတစ်လျှောက်ရွေ့လျားသွားပြီး အသေးစိတ်စစ်ဆေးဖို့အတွက် ခေါင်းကိုငုံ့ပြီးကြည့်လိုက်တယ်။
သူ့ခန္ဓာကိုယ်က တောင့်တောင့်ကြီးဖြစ်သွားတာကြောင့် Xiao Liu လည်း ရှင်းပြလိုက်တယ်။

" မင်းရဲ့ခေါင်းမှာ ထိခိုက်ဒဏ်ရာရထားတာရှိမရှိ ငါစစ်ဆေးချင်လို့ပါ "

ဒါပေမဲ့ ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေက နာကျင်မှုတိုင်းကို ဒီလူရှင်းရှင်းလင်းလင်းသိစေဖို့ သူ့ခေါင်းကို ထိခိုက်အောင်မလုပ်ထားကြဘူး။Xiao Liu လည်း သူ့ကို ဘာဖိအားမှမပေးချင်တာကြောင့် အဝတ်အများကြီးကို အသုံးပြုပြီး သူ့ဆံပင်တွေကို ညင်သာစွာ နဲ့ခြောက်သွေ့အောင်လုပ်ပေးတယ်။ ခေါင်းဘီးကိုအသုံးပြုရင် ထိုသူကို နာကျင်စေမှာစိုးရိမ်တာကြောင့် သူ့လက်ချောင်းတွေကိုပဲနူးညံ့တဲ့ခေါင်းဘီးအဖြစ်အသုံးပြုပြီး သူ့ဆံပင်တွေကို ရှင်းပေးလိုက်တယ်။
ခေါင်းဖြီးပေးပြီးတဲ့နောက်မှာ Chun Zi ကို ခေါင်းအုံးအသန့်တစ်လုံးယူခိုင်းကာ သူ့ခေါင်းကို ခေါင်းအုံးပေါ်တင်ပေးလိုက်တယ်။

အခန်းအပြင်ကိုထွက်လိုက်တော့ နေတောင်အတော်မြင့်နေပြီ။
သူလည်း ရေအေးနဲ့မျက်နှာသစ်လိုက်ပြီး မနက်စာစားနေရင်းနဲ့ Ma Zi ကို မှာနေတယ်။ ဒီရက်အတောအတွင်း ဆေးခန်းကိစ္စကို စိတ်ပူမနေဘဲ လူနာကိုသာ ဂရုစိုက် ၊ သူ့ကို မုန့်ချပ်မကျွေးနဲ့ ၊ အသားနဲ့အသီးအရွက်ကို ကျေညက်အောင်ရောနယ်ပြီး ပြုတ်ထားတဲ့စွပ်‌ပြုတ်ပဲကျွေး အအေးခံပြီးမှ ကျွေးရမယ်။

Xiao Liu လည်း မနက်စာစားပြီး သူ့ရဲ့ဆေးခြင်းတောင်းကိုကောက်ယူကာ ဆေးခန်းဆီထွက်လာခဲ့လိုက်တယ်။
Ma Zi က အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့လူကို ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းပြောလိုက်တယ်။ " သူဖုန်းစားရေ ၊ အစ်ကို Liu က တစ်ညလုံးမအိပ်ဘဲ မင်းကိုကယ်ခဲ့ရတာ ၊ ပြီးတော့ သူ့အတွက် စုဆောင်းထားတဲ့ဆေးအားလုံးကိုလည်း မင်းအတွက်သုံးလိုက်တယ် ၊ မင်း သေချာပေါက်အသက်ရှင်ရမယ်နော် "

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now