အခန်း [ ၃ ](၁)

182 11 0
                                    

A Guest From Far Away
( အဝေးမှ ဧည်သည့်တစ်ဦး )


သားသတ်သမားGao တွင် ကလေးတစ်ယောက်သာရှိပြီး Ma Zi တွင် မိဘမရှိတာမို့ Ma Zi သည် လက်ထပ်ပြီးနောက် သားသတ်သမား Gao ရဲ့ အားထားစရာသားတစ်ယောက်လို ဖြစ်လာခဲ့ပြီး မကြာခဏဆိုသလို အကူအညီပေးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ Ma Ziဟာ သားသတ်သမား Gao ၏အိမ်တွင်သာအနေများခဲ့ပြီး ဆေးခန်းမှာ နေထိုင်ချိန် နည်းသွားခဲ့တယ်။

Chuan Zi တယောက်လည်း သားသတ်သမား Gao ၏ စနစ်ကျပြီး သေသပ်တဲ့ သဘောတူညီချက်ကို ကြည့်ပြီး သဘောကျ နေတယ်။ သမီးတစ်ယောက်ကို လက်ထပ်ပေးနိုင်ခဲ့ပြီး လက်ဖွဲ့ ပိုက်ဆံ လည်း ရခဲ့သလိုသူ့ကိုယ်သူအတွက်ပါ အပိုဆု အနေနဲ့ သားတစ်ယောက်ပါရခဲ့တယ်။ Xiao Liu နဲ့ အဘိုကြီး Mu တို့အတွက် Shi Qi သည် Ma Zi ဆယ်ယောက်နှင့် တူညီသဖြင့် Xiao Liu သည်ဂရုမစိုက်ဘဲ အဘိုးကြီး Mu အတွက် Ma Zi ပျော်ရွှင်အေးချမ်းသော ဘဝနေထိုင်မှုကို မြင်တွေ့ရသည်ကိုပဲ ပျော်ရွှင်နေသည်။

တစ်နေ့တွင် Ma Zi ကို သားသတ်သမား Gao နှင့် Chun Tao တို့က ဆေးခန်းသို့ ခေါ်ဆောင်လာသောအခါ Xiao Liu မျက်ခုံးကို တွန့်ရင်း မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ အကယ်၍ Chuan Zi သာ အရိုက်ခံရပါက Xiao Liu ဒီလိုအံ့အားသင့်လိမ့်မည်မဟုတ်ပေ။ Chuan Zi သည် မြည်းတစ်ကောင်ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ အရိုက်ခံရရန် ထိုက်တန်သည်။ ဒါပေမဲ့ Ma Zi ကတော့ အဲဒီလိုမဟုတ်ပဲ အရပ်ရှည်ပြီး သန်မာပေမယ့် ကျိုးကြောင်းဆီလျော်ပြီး တခြားသူတွေကို ပေးကမ်းလိုစိတ်ရှိတယ်။

" ဘာဖြစ်တာလဲ " အဘိုးကြီး Mu က မေးသည်။

Chun Tao က သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး
" ဒီမနက် သိုးတစ်ကောင်ကို သတ်ပြီးနောက် သိုးကို သယ်လာတော့ မိန်းကလေး တစ်ဦးကို မတော်တဆ ဝင်တိုက်မိလို့ သိုးသွေးတွေ အဝတ်ကိုပေသွားစေခဲ့တယ် "

ငါတို့တောင်းပန်ပြီး ပျက်စီးမှုအတွက် ပေးလျော်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီမိန်းကလေးရဲ့ အိမ်အကူက ကျွန်မတို့ကို ပေးလျော်ဖို့ မတတ်နိုင်ဘူးဆိုပြီး အော်​ခဲ့ပါတယ်။ အဲ့မှာ အဖေက စိတ်တိုသွားပြီး စကားအနည်းငယ်ပြောပြီး လက်ပါမိသွားတယ်။ Ma Zi က အဖေ့ကို ကာကွယ်ဖို့ ကြိုးစားရင်း အရိုက်ခံခဲ့ရတယ်။ "

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now