အခန်း [ ၃ ](၃)

153 6 2
                                    

Xiao Liu သည် Xiang Liu မျက်နှာပေါ်မှာပန်းချီရေးပြီးတာနဲ့ ကျေနပ်စွာကြည့်ရင်း အဖိုးတန်မှန်ကို ကိုင်လိုက်ပြီး Xiang Liu ရဲ့ မျက်နှာရှေ့တွင် ထားကာ "ကြည့်စမ်း ငါ့ဆွဲပြီးပြီ ငါ့ရဲ့အနုပညာလက်ရာကို ကြည့်လိုက်ပါဦး။ ဒါပေမဲ့ စိတ်မဆိုးပါနဲ့၊ ဒေါသထွက်တာ မကောင်းဘူး"

Xiang Liu က မျက်လုံးဖွင့်လိုက်ပြီး ဓားထက် ထက်မြက်သော မျက်လုံးများနဲ့ ကြည့်လိုက်ပေမဲ့ Xiao Liu က မှန်ကိုကိုင်ကာ

"ကြည့်စမ်း!"

မှန်ထဲမှာ Xiang Liu ရဲ့ဘယ်မျက်လုံးအောက်မှာ မျက်လုံးသုံးလုံး၊ ညာဘက်မျက်လုံးအောက်မှာ မျက်လုံးသုံးလုံးနဲ့ နဖူးမှာ မျက်လုံးတစ်လုံးရှိနေတယ်။ Xiao Liu ကရေတွက်ပြီး "တစ်၊ နှစ်၊ သုံး... စုစုပေါင်း ကိုး"

Xiao Liu သည် သူ့ရဲ့နက်မှောင်သောလက်ချောင်းများဖြင့် ဆက်လက်ဆွဲကာ မျက်လုံးကိုးလုံးကို ခေါင်းကိုးလုံးအဖြစ်သို့ ပြောင်းလဲလိုက်သည်။

Xiang Liu က မျက်မှောင်ကြုတ်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"မင်းရဲ့ခေါင်းကိုးလုံးက ဘယ်လိုလဲဆိုတာ ငါတကယ်တွေးကြည့်လို့မရသေးဘူး မင်းဘယ်တော့လောက် ငါ့ကိုပြမှာလဲ"

Xiang Liu က သူ့နှုတ်ခမ်းတွေကိုလှုပ်လိုက်ကာ "မင်းကိုစားမယ်" လို့ တိတ်တဆိတ်ပြောလိုက်သည်။

Xiao Liu က ညစ်ပတ်နေတဲ့ လက်ချောင်းတွေနဲ့ နှုတ်ခမ်းကို သုတ်လိုက်ပြီး "ညစ်ပတ်နေတာကို မရွံဘူးဆိုရင် စားပေါ့!"

Xiang Liu ၏နှုတ်ခမ်းများသည် လှုပ်ရှားနိုင်နေပြီဖြစ်ပြီး၊ သူ၏လက်များသည် လှုပ်ရှားနိုင်တော့မည်ဖြစ်ကာ သူ၏ကုသမှုသည် ကုန်ဆုံးတော့မည်ဖြစ်သည်။

Xiao Liu လည်း ကုတင် ပေါ်မှဆင်းကာ Xiang Liu က်ု စိုက်ကြည့်ရင်းခေါင်းညိတ်ပြလိုက်တယ် "ငါသွားတော့မယ်၊ မင်းငါ့ကိုရှာစရာမလိုဘူး၊ မင်းဒေါသတွေမပြေမချင်း ငါ့ရက်အနည်းငယ်ကြာအောင် ပုန်းနေတော့မှာ မင်းအပေါ်ငါ့ကောင်းခဲ့တာလေးတွေကို သတိရတဲ့အချိန်မှငါ့ပြန်လာမယ်။ ဒါဆို ငါသွားတော့မယ်" Xiao Liu သည်မီးဖိုချောင်ထဲက အစာပြေမုန့်အချို့ကို ဆွဲယူလာပြီး တံခါးကို သေချာပိတ်လိုက်ကာ Shi Qi ကို လှမ်းကြည့်လိုက်သည်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now