အခန်း [ ၅ ](၁)

168 9 0
                                    

Wish to Entrust Myself to the Mountains and Streams
( တောင်တန်းများနှင့်စမ်းချောင်းများဆီ
ကိုယ့်ကိုယ်ကိုယ် အပ်နှံချင်မိပါရဲ့ )


လောင်မုက ဈေးဝယ်သွားကာ ချွမ်းဇစ်က ဆေးသွားပို့ပေးပြီး ရှန်ထျန်းအာကတော့ အိမ်မှာပဲ ချွမ်းဇစ်အတွက် အဝတ်အစား ချုပ်တတ်အောင် သင်ယူနေသည်။ ကြည့်စရာလူနာမရှိသည်နှင့် ရှောင်လျို့တစ်ယောက် ကွပ်ပျစ်ပေါ်တွက် ခြေပစ်လက်ပစ် အိပ်ပျော်နေသည်။ သူနိုးလာသည်အထိတိုင်အောင် လူနာတစ်ယောက်မှ မရှိသေးသည့်အတွက် ရှောင်လျို့ သူ့ခေါင်းကိုပြန်ရိုက်ကာ အခုလိုနေနေလို့တော့မဖြစ်၊ လုပ်စရာတစ်ခုခုတော့ရှာရမည်။

ရှောင်လျို့တစ်ယောက် ရွှမ်းတို့ရဲ့ဝိုင်ဆိုင်ကိုသွားရန်ဆုံးဖြတ်လိုက်သည်။ လက်ကိုနောက်ပစ်ကာ သီချင်းလေးညည်းပြီး ခုန်ဆွခုန်ဆွ လုပ်နေစဉ် ရွှမ်းကသူ့ကိုမြင်သွားပြီး ခင်ခင်မင်မင် လှမ်းခေါ်လိုက်လေသည်။ အစ်ကိုလျို့၊ မင်း ဘယ်ဝိုင်သောက်ချင်လဲ"

ရှောင်လျို့ ထောင့်ကျကျထိုင်ခုံတစ်ခုကိုရွေး၍ ထိုင်ချလိုက်ပြီး "အစ်ကိုရွှမ်း ရွေးပေးတာသောက်မယ်" ဟု တရင်းတနှီးပြန်ပြောလိုက်သည်။

ရွမ်း က ဝိုင်တစ်အိုးနဲ့ သီဟိုဠ်စေ့တစ်ပန်းကန်ယူလာသည်။ ရှောင်လျို့က ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်ရင်း သီဟိုဠ်စေ့များကိုအခွံခွာပြီး ဝိုင်ကိုသောက်လိုက်သည်။ ထို့နောက် တန်ဖိုးကြီးဝတ်ကောင်းစားလှများ ဝတ်ထားပြီး မျက်နှာကိုကောက်ရိုးဦးထုပ်တစ်လုံးဖြင့် ဖုံးကွယ်ထားသော ယောင်္ကျားတစ်ယောက်မျက်နှာချင်းဆိုင်ထောင့်ဘက်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ ထိုသူ့မျက်နှာကို မမြင်ရ၊ အဖိုးတန်ရတနာများမ၀တ်ဆင်ထားသော်ငြား ထိုသူ၏ ကြော့ရှင်းသပ်ရပ်သောပုံစံက မြင်သူတိုင်း လေးစားအသိအမှတ်ပြုချင်စရာကောင်းနေသည်။ ဒီလိုအထက်တန်းလွှာတစ်ဦးက ဘယ်တုန်းကများ ချင်းရွှေ မြိို့ကို ရောက်လာသလဲဟု ရှောင်လျို့ အသည်းအသန်စဉ်းစားနေစဉ်မှာပဲ လှပချောမောတဲ့ အစေခံမိန်းမပျိုတစ်ဦး ခပ်သုတ်သုတ်ရောက်လာပြီး ထိုသူကို ဦးညွတ်အရိုအသေပေးကာ ထိုသူ့နောက်တွင် ရပ်လိုက်လေသည်။ ထိုအစေခံမိန်းမပျိုမှာ ယောက်ျားတစ်ယောက်လိုဝတ်စားထားသည့် ကျင်းယဲ့ ဖြစ်နေသည်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now