Part 1

2.9K 99 0
                                    

ကိုက်တိုက်လာတဲ့ခေါင်းကို အသာနိုပ်လို့ မဖွင့်ချင်တဲ့ မျက်လုံး တစ်စုံကို အားယူလို့ ဖွင့်ကြည့်နေရတယ်။  ပိတ်ထားတာ ဘယ်လောက်ကြာပြီးလဲ မသိတဲ့ မျက်၀န်း ပွင့်လာတာနှင့်အတူ မျက်လုံးထဲ ၀င်လာတဲ့ အလင်းဆူးဆူးကြောင့်  အာရုံကြောရဲ့ အလိုအလျောက် တုံပြန်မူကြောင့် မျက်၀န်းဟာ ပြန်လည် မှိတ်စက်ခဲ့ရတယ်။
"ကျွတ် အာ ဆူးလိုက်တာ ပြီးတော့ တစ်ကိုယ်လုံး ဘာလို့ကိုက်ခဲနေရတာလဲ "
အားယူပြီး ဖွင့်ကြည့်တဲ့ အခါ အလင်းနဲ့ နေသားကျနေတဲ့ မျက်၀န်း က ဒီတစ်ခါတော့ ပတ်၀န်းကျင်ကို ရှင်းလင်းစွာ မြင်နေရပြီး
"ငါ ဘယ်ရောက်နေတာလဲ အခုက ငါဒီအခန်းကို သိပါတယ် "
အလျင် အမြန်ဦးနောက်ကို အလုပ်ပေးပြီး စဉ်းစားကတယ်

"ငါ ငါသေပြီးမဟုတ်ဘူးလား ရေချိုးခန်းထဲ ကိုယ့်ကိုကိုယ် သတ်သေခဲ့တာလေ ဟို ဟိုကောင်ကြောင့် မင်္ဂလာဆောင်က ပြန်လာပြီး ငါ ရေချိုးခန်းထဲ....."
"ရိပေါ် သတိရလာပြီးလား...
စကားသံနဲ့ အတူ လက်ထဲ ရေဇလုံတစ်ခု လက်ကိုင်ပါဝါတစ်တည်နဲ့ ရောက်လာတဲ့ သူ့

"သက်သာလာ ရိပေါ် ဘယ်လိုဖြစ်တာလဲကွာ  ငါတစ်ရက်လေးမရှိတာနဲ့ မင်းက ဖြစ်ချင်တိုင်း ဖြစ်လို့ပါလား"
သူပြောနေတဲ့ စကားသံ သူရဲ့ လှုပ်ရှားမူ တစ်ခုချင်စီ လိုက်ကြည့်နေမိတယ် ကျွန်တော် မျက်တောင်မခတ်ရဲဘူး မျက်တောင်တစ်ချက်ခတ်လိုက်ရင် ကျွန်တော် အရှေ့က ပျောက်ကွယ်သွားမှာဆိုးလို့  ဒီတစ်ကြိမ်သာပျောက်ကွယ်သွားခဲ့ရင်....

"ရိပေါ် ငါပြောနေတာ ကြားလား မင်း ကိုမိုးရေးထဲ မသွားနဲ့လို့ ငါဘယ်နှစ်ခါ ပြောလဲ အခုတော့ ဖျားပြီးမလား ရိပေါ် ငါပြောနေတာကြားလား ဘာလို့စကားမပြောဘဲနေတာလဲ ရိပေါ် အယ်...ဘာ ဘာဖြစ်လို့လဲ"

ယုတ်တစ်ရက် လူကိုလာဖတ်တဲ့ ရိပေါ်ကြောင့် လန့်သွားတာတော့အမှန် စကားတစ်လုံးမှ မပြောဘဲ တင်းကျပ်စွာ ဖတ်ထားတာကြောင့် လူက အသက်ရူကျပ်လာတယ်

"ရိပေါ် လွတ် လွတ်အုံး ငါအသက်ရူ ကျပ်လာလို့"
"ခဏ ခဏ လေးပါကွာ ဒီတိုင်းလေး ခဏ နေရအောင်ပါနော် တစ်ကယ် ခဏလေးပါဘဲကွာ"
တွန်းထုတ်လိုက်ချင်မဲ့ အက်ကွဲနေတဲ့ အသံ တစ်စုံတစ်ခုကို ကြောက်လန့်နေတဲ့ ပုံမျိုးနဲ့ ပြောနေတဲ့ ရိပေါ်ကြောင့် ဒီတိုင်းလေး ညိမ်နေလိုက်မိတယ်

Second Chance (Complete)Where stories live. Discover now