Part 12

858 43 0
                                    

"ရိပေါ် ရိပေါ်"
"အမ် ...ငါအိပ်ပျော်သွားတာလား"
"ဟုတ်တယ်ကွာ အခု class တောင်ပြီးပြီး"
"ငါအဲ့လောက်တောင် အိပ်ပျော်သွားခဲ့တာလား"

"မင်း တစ်ယောက်ထဲ ပြန်လို့ ဖြစ်ရဲ့လား "
"အဆင်ပြေတယ် နောက်မှတွေ့မယ်ကွာ"

အရင်ချိန်တွေဆို အိမ်ပြန်ဖို့ကို အရမ်းကြောက်ခဲ့တာ အနီးဆုံးနေရာမှာရှိနေပါရက်နဲ့ ဝေးနေကျတဲ့ သူတို့နှစ်ယောက်နေအိမ်ကိုမပြန်ချင်ခဲ့ဘူး၊ ချစ်ရသူအတွက်တော့ သူအနားမှာအနေချင်လို့ အဝေးကိုထွက်ပြေးနေတယ် ထင်နိုင်ပါရဲ့ ရိပေါ်အတွက်ကတော့ အဝေးမှာရှိနေရင်တောင် လွမ်းဆွတ်နေရတာ အနီးနားမှာသာ အတူတူရှိနေရင် စိတ်တွေလွတ်ထွက်သွားနိုင်တယ် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး ဒီလိုဆို ရှောင်းကျန့် ရဲ့အမုန်းရင်ဆိုင်နိုင်မှာမဟုတ်ဘူး အနားမှာမရှိမှာချင်အတူတူ အမုန်းတရားနဲ့ လမ်းခွဲချင်ထက် ချစ်ခြင်းတစ်တရားနဲ့ လမ်းခွဲချင်ကို ပိုမြတ်နိုးမိပါရဲ့ အရူးရင့်တယ်ဘဲဆိုလဲ ခံနိုင်ပါရဲ့ ဒါပင်မဲ့ ရှောင်းကျန့်ရဲ့ အမုန်းတရားကို ရိပေါ် မခံယူပရစေနဲ့။

"ရှောင်းကျန့် ငါပြန်ရောက်ပြီး"

အိမ်ရှေ့ ရောက်ထဲကအော်လာတဲ့ အသံက အိမ်ထဲရောက်တဲ့ထိ  အခေါ်ရှိပင်မဲ့ အထူးမရှိတဲ့ တိတ်ဆိတ်နေတဲ့ အိမ်ကသာကြိုဆိုနေတယ်၊

"ငါဘဲ စောရောက်နေတာထင်တယ် ရေအရင်ချိုးလိုက်တာ ကောင်းပါတယ်"
'ငါအိပ်တဲ့အချိန် ရှောင်းကျန့် ပြန်ရောက်လောက်ပါပြီး'

ပင်ပန်းနေတဲ့ ခန္ဏာကိုယ်က စိတ်သွားတိုင်း ကိုယ်မပါလို့  ရိပေါ်တစ်ကယ် အနားယူဖို့ လိုအပ်နေပြီး ဒီရက်ပိုင်း တစ်ဆတစ်ဆ နဲ့ပေါ်လာတဲ့ ရုပ်လုံးတွေက သူ့ရင်ကို ဓါးနဲ့ ခွဲနေသလိုဘဲ။

မြုးခိုးတွေ စိုင်းနေတယ် ပတ်၀န်းကျင်ကို မြင်ရဖို့အတွက် သိသိသားသား အားစိုက်ရင် ခြေလှမ်းတစ်လှမ်းချင်းရှေ့တိုးမိနေတယ်

"ငါ ဘယ်ရောက်နေတာလဲ ငါအိပ်ပျော်သွားတာပါ"

မြူးခိုးငွေ့တွေကြား ကြိုးစားလျောက်လှမ်းရင်း မနီးမဝေးလို့ ထင်ကတဲ့ ရှေ့မှာ တစ်စုံတစ်ခုရှိနေသလိုဘဲ နီးကပ်လာနဲ့အမျှ ထိုပုံရိပ်လေးဟာ ဝေးသွားသရောင် ဒါကြောင့် ခြေစုံရပ်ရင်း အရှေ့က ပုံရိပ်လေးကို ကြိုးစားပြီး ရှာဖွေမိပါရဲ့
များပြားလှတဲ့ အဖြုရောင် မြုးတွေကြား အဖြူရောင် ပုံရိပ်လေးကို လိုက်ရှာရတာ ခက်ခဲလွန်းပါတယ်။

စိမ်းလန်းလှတဲ့ သစ်ပင်ကြီးအောက် ရပ်နေတဲ့ အဖြူရောင်အရ်ိပ်လေးက အခုထိ သူကို ကျောခိုင်းထားတုန်းပါ။ ထိုပုံရိပ်ဖြူလေးကို ရင်းနီုးနေသလိုဘဲ ရှေ့တိုးဖို့ခြေလှမ်းလှမ်းမိတော့ ယခင်ကလိုမဟုတ်လဲ ခြေလှမ်းက ရှေ့သို့ မရွေ့တော့ဘူး စိတ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ရှေ့သို့ထက်ရွှေမိပင်မဲ့ ထိုနေရာမှာတင် ရပ်မိနေတုန်း ကြိုးစားပြိး အားထုတ်ကြည့်ပင်မဲ့ အသုံးမ၀င်ခဲ့ဘူး။

"ငါတောင်ပန်းပါတယ်"

လှုပ်ရှားမရတဲ့ ခြေတစ်စုံကို ရွှေ့ရှားဖို့ရာ အားစိုက်နေတုန်း ရှေ့ကပုံရိပ်ဖြူလေးက စကားလုံးတစ်ချို့ ထွက်ကျလာတယ်။
ဒီအသံ ဒီကျောပြင်က သူသိထားတဲ့ ချစ်ရသူမှ လွဲရင် တစ်ခြားသူမဖြစ်နိုင်ဘူး စကားသံကြားကြားချင် အသံလာရာ မော့ကြည့်မိချိန် အရှေ့က ပုံရိပ်ဖြူလေက သူ့အရှေ့တည့်တည့် ရပ်နေလေရဲ့ ယခင်ကလို ကျောမပေးထားဘဲ ယခုတော့ သူအရှေ့ တည့်တည့် မျက်နှာ ချင်ဆိုင် ရပ်နေတာဖြစ်တယ်။

"ရှောင်းကျန့် ငါမင်းကို လိုက်ရှာနေတာ မင်းဘယ်တွေ သွားနေတာလဲ ငါဘယ်လောက်စိတ်ပူလိုက်ရလဲ မင်းသိရဲ့လား မင်းဘယ်တွေ သွားနေတာလဲ အခုကကော ဘယ်ကို ရောက်နေတာလဲ အိမ်ပြန်ရအောင်ကွာ ငါမင်းကို လွမ်းနေတာ အဲ့မှာ ဘာရပ်လုပ်နေတာလဲ ငါ တို့ အတူတူ ပြန်ကျရအောင်လေ ငါ ခြေထောက်တွေ လုံး၀ လှူပ်မရဖြစ်နေတယ် လာကူပါအုံးကွာ"

ရိပေါ်ဘက်က သာ စကားလုံးတွေ တစ်ရပ်စက်ပြောနေတာ ရှောင်းကျန့်ဘက်က တစ်ခွန်းဆို တစ်ခွန်းတောင် ပြန်မလာတာပါ ထိုအစား မျက်၀န်းတစ်စုံဟာ အဆုံး မဲ့အောင်နက်နဲနေတဲ့ချောက်တစ်ခုလို မှောက်မိုက်ပြီး အဓိပ္ပာယ်မဲ့လွန်းနေလေရဲ့ ဖော်ပြရခက်လွန်းတဲ့ အဓိပ္ပာယ်မျိုးစုံပါတဲ့ လွမ်းဆွတ်ခြင်း၊ကြေကွဲခြင်း၊အစရှိတဲ့အဓိပ္ပာယ်များစွာ ပါ၀င်နေတယ်။

ဒီလိုအကြည့်မျိုး ရိပေါ်တစ်ကယ် မနှစ်သက်ဘူး အထူးသဖြင့် ကိုယ်ချစ်ရတဲ့ သူက ကိုယ့်ကို ထိုအဓိပ္ပာယ်ပါတဲ့ မျက်၀န်း‌နဲ့ ကြည့်နေရင် ပိုလိုတောင် မနှစ်သက်သေးပါ။
===

Second Chance (Complete)Where stories live. Discover now