Part 17

909 45 0
                                    

'အင်--- ဟင့် ----
"ရိပေါ် ရိပေါ် လာဟင်"

ဖြေးဖြေးခြင်း ဖွင့်လာတဲ့ မျက်၀န်းတစ်စုံက အလင်းကြောင့် နေသားမကျသေးဘူးထင်တယ် နှုတ်ခမ်းပါးကတော့ မရဲတစ်ဝံ့အသံလေးနဲ့ မေးလာရဲ့
"ရှောင်းကျန့် "

မျက်လုံးကို အားယူဖွင့်ရင်း မခြောက်သေးတဲ့မျက်ရည်စီးချောင်း‌တွေ အပေါ် ထက်မံစိုစွပ်လာတယ်

"ရှိူက်--ရိ‌ ရိပေါ် ဟင့် ငါမင်းကို ပြောပြစရာတွေ အများကြီးရှိတယ် ဟင့် တကယ် အများကြီး ဟင့် ရှိတယ် ငါ ငါကို ထားမသွားပါနဲ့ကွာ ရှိုက့် ငါ ငါ---"
"ရှူး "

ထက်ပြောမဲ့ စကားသံတွေကို နားထောင်ချင်ပင်မဲ့ ချစ်ရသူရဲ့ ရှိုက်သံကြောင့် ရင်ဘက်တစ်ခြမ်းက နာကျင်ရတယ်။

"တော်တော့ အသက် ငိုထားတာတွေ များနေပြီး ထက်မငိုနဲ့တော့
ကိုစောစောပြန်မလာမိတဲ့ အတွက် တောင်ပန်းပါတယ်ကွာ"
"ငါ ငါ ပြောစရာတွေ ရှင်းပြစရာတွေ အများကြီးရှိတယ် ရိပေါ်
ငါကို အထင်မလွဲပါနဲ့ အိမ်ကလဲ ထွက်မသွားပါနဲ့ မင်းသိချင်တာတွေ ငါအကုန် ရှင်းပြမှာမလို့ ထွက်မသွားပါနဲ့နော်"
"ရှောင်းကျန့် ငါကိုသေချာကြည့် ငါမင်းကိုယုံတာမလို မင်းရှင်းပြစရာမလိုဘူး ငါအိမ်ကထွက်သွားတာ မင်းကို ထားခဲ့မလို့မဟုတ်ဘူး ငါမင်းကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်လို့ မင်းစိတ်ချနော်"

"ဒါ ဒါမဲ့ မင်း အကြာကြီး ငါကိုပြစ်ထားတယ်လေ "
"ကိုဖြေရှင်းစရာလေး ရှိလို့ပါ အသက်ရယ် အသက်ကို ပြစ်ထားတာ မဟုတ်ပါဘူး ကိုကိုယ့် ယုံကြည်တယ်မလား"

မဝံမရဲ မော့ကြည့်လာတဲ့ ချစ်ရသူမျက်၀န်း ကို ကြည့်မိတော့ ဆုံးရူံးရမှာ ကြောက်တဲ့ နာကျင်နေတဲ့ မျက်၀န်းညိုလေးကြောင့် အသက်ကို အားနာမိပြန်တယ် ။ သူ့ သာ အသက်ကိုသေချာရှင်းပြပြီးမှ သွားခဲ့ရင် ဖြေရှင်းစရာကစ္စတွေကို အသိပေးခဲ့ရင် စောစောပြန်လာခဲ့ရင် အသက်က သူကိုထားသွားတယ်ထင်မှာမဟုတ်တော့ဘူး အသက်ငိုစရာလဲ မလိုဘူး ၀မ်းနည်းစရာ ကြောက်စရာလဲ မလိုအပ်တော့ဘူး ။ရိပေါ် အသုံးမကျလို့သာ အသက် မျက်၀န်းညိုလေးက ဆွေးနေရတာ။

"ကို ကိုယ့် ယုံကြည့်တယ်မလား အသက်"
"အင်း ငါမင်းကို အပြည့်အ၀ယုံကြည်တယ် ရိပေါ်"
"ကိုတို့အပြင်သွားရအောင် အင်္ကျီလဲချင်သေးလား ရေချိုးချင်လဲ ချိုးချလိုက်ပါလား"
"ဘယ်သွားကျမလိုလဲ ရိပေါ် "
"မင်းကိုငိုအောင် လုပ်တဲ့သူတွေကို ကိုလက်စားပြန်ချေမလို့"
"ရိပေါ် မင်း မကောင်းတာတွေ မလုပ်ကဘူးနော် သူတို့ကမကောင်းတာ မှန်ပင်မဲ့ မင်းကပါ သူတို့လို မကောင်းတဲ့ လမ်းရွေးလို့မရဘူးနော် ရိပေါ်"
"ဟား ဟား ရှောင်းကျန့်ရယ် ငါက မင်းကို စလိုက်တာပါကွာ
မင်းက ငါကို မယုံဘူးလား "
"မင်း မကောင်းတာတွေ မလုပ်ကဘူးနော်"
"မင်းက ငါကို မယုံဘူးဘဲ ရှောင်း--"

စကားတောင် မဆုံးလိုက်ခင် ဘယ်ဘက်ပါးကခပ်နွေးနွေးဖြစ်သွားတာကြောင့် လူကတောင့်တောင့်ကြီး ဖြစ်နေတုန်း တရားခံလေးကတော့ အရိပ်တောင်မမြင်အောင် ရေချိူခန်းထဲ ပြေး၀င်သွားပါတယ်။ သတိပြန်၀င်လာချိန်  ပါးချိုင့်  ကြားလေးပေါ်အောင် နှုတ်ခမ်းတစ်စုံဟာ ပြုံးလို့ နေခဲ့တယ်။
===

Second Chance (Complete)Where stories live. Discover now