Part 15

855 44 0
                                    

"ဘာဖြစ်ခဲ့တာလဲ သေချာ ရှင်းပြလေးနော် အင့်"

ပြောခါမှ  ကလေးတစ်ယောက်လို ငိုကြွေးပြီး ရင်ခွင်ထဲ တိုးလို့ ငို့တဲ့ အတွက် ချစ်ရသူ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးမိတယ်

"ငိုလို့ ၀အောင် ငိုလိုက်နော် ဒါပင်မဲ့ အရမ်းမငိုကဘူး မျက်လုံးတွေ အောင့်ပြီး ခေါင်းကိုက်လိုက်မယ် မျက်လုံးကြီး ဖောင်းလာရင် ရုပ်ဆိုးသွားမှာနော် ရုပ်ဆိုးမှာ မကြောက်ဘူးလား အား.."

ရင်ခွင်ထဲက အငိုသန်တဲ့ ကောင်လေးက သူကို ရုပ်ဆိုးမယ်ပြောလို့ ထင်ပါရဲ့ ငိုနေရင်း ရင်ဘက်ကို ကိုက်လေးရဲ့ ကိုယ်ရဲ့ ချစ်ရသူ ရှေ့သွားနှစ်ချောင်းက ယုန်သွားလို့ ထက်နေတော့ ကိုယ်ရင်ဘက်မှာ ဆစ်ခနဲ့

"နာသွား ဟင့် နာသွားလားဟင် ရိူက်'"
ညဥ်း သံကြောင့် ထင်ပါနဲ့ ငိုနေရင်း  နာသွားလား တဲ့

"မနာပါဘူးကွာ ဒီလောက်လေးက" ဒီလောက်လေးက တစ်ကယ်မနာတာပါ ဒီမြင်ရတဲ့ဒဏ်ရာက မမြင်ရတဲ့ ရင်ဘက်ထဲက ဒဏ်ရာလောက် နာကျင်မယ်မထင်ပါဘူး ရှောင်းကျန့်ရယ် မင်း ငါရင်ခွင်ကို မြင်နိုင်ရင် ငါနှလုံးသား ဘယ်လောက် ကမ္ဘာပျက်နေလဲ ဆိုတာ မင်းသိရပါလိမ့်မယ်

"ရှောင်းကျန့်  ငါကို ကြည့် ငါတို့က ချစ်သူတွေမလား မင်းဘာဖြစ်ဖြစ်ငါကို သေချာပြောပြနော် ဒါမှအတူတူ ဖြေရှင်းကျရအောင်နော် နော် "
"ရိပေါ် ငါ အကောင်းဆုံးကြိုးစားခဲ့ပါတယ်ကွာ ဒါ ဒါပင်မဲ့ မဖြစ်မြောက်ခဲ့ဘူးကွ "
"ဘာကို ဆိုလိုတာလဲ ရှောင်းကျန့် "
"ငါ ချားဟယ်ချုးနဲ လက်ထပ်ကတော့မယ်"
"ဘာ "

ကြားလိုက်ရတဲ့ စကားလုံးတိုင်းက ရင်ကို ဓါးနဲ့ မွှန်းနေသလိုဘဲ ဒီလောက် ထိ‌ ဒီလောက်ထိ သတိထားနေရဲ့နက်ကွာ ဒီအဖြစ်ဆိုးကြီးက မလွတ်နိုင်သေးဘူးလား
ကံတစ်ရားက ဒုတိယအကြိမ် အခွင့်အရေးပေးပင်မဲ့ ကံကြမ္မာကတော့ ပြောင်းလဲလို့ မရပါလား။

"ရိပေါ် "
တစ်ခြား တစ်ယောက်နဲ့ လက်ထပ်ကမယ်လို့ပြောလိုက်တာတောင် ပြောင်းလဲ သွားချင် မရှိတဲ့ ရိပေါ် မျက်နှာ က ရှောင်းကျန့်ရင်ကို ပိုနာကျင်စေပါတယ်

"ရိပေါ် မင်း ငါကို အော်လိုက်တာ ဘဲဖြစ်ဖြစ် ထိုးလိုက်တာဘဲ ဖြစ်ဖြစ် တစ်ခုခု  တစ်ခုခု လုပ်ပါ့လားကွာ မင်းအဲ့လိုလုပ်ရင်တောင် ငါအတွက် နေသားကျအုံးမယ် အခုလို ကြီးတော့ မလုပ်ပါနဲ့ကွာ နော် "

"ရှောင်းကျန့် ငါကို သေချာပြောပြ မင်းတို့ မနေ့ညက ဘာတွေ ဖြစ်တယ် ဆိုတာ အစ အဆုံး ငါသိချင်တယ် "
"အင်း မနေ့က ငါတို့တွေ သင်တန်းဆင်းပွဲအနေနဲ့ အကုန်လုံး ကလပ်သွားကျတာ ဟိုရောက်တော့  ငါစောစောပြန်ကမှာမလို ငါတစ်ကယ် အများကြီး မသောက်ပါဘူး ကွာ ငါပြန်မယ် လုပ်တော့ အကုန်လုံးက အိမ်ပြန်ရင် တစ်ခွက်တော့သောက်သွားဆိုလို့ ငါကို ချားဟယ်ချုး တိုက်တဲ့ ကော့တေး တစ်ခွက် ငါသောက်လိုက်တယ် ပြီးတော့ ငါ ဘာမှမမှတ်မိတော့ဘူး ငါနိုးလာတော့ ငါဘေးမှာ ချားဟယ်ချုး....ငါဘာတွေ ဖြစ်လဲ စဉ်းစားတုန်းရှိသေးတယ် ချားဟယ်ချုးမိဘတွေ ရောက်ချလာတာ သူ့မကို ပြန်ခေါ်သွားပြီး ဒီ သုံးရက်အတွင်း လက်ထပ်မဲ့ ကစ္စ စီစဉ်မယ်လို့ ပြောသွားတယ်။
ရိပေါ် ငါတစ်ကယ် သူမ နဲ့ဘာမှမဖြစ်ခဲ့ပါဘူး ကွာ ငါကိုယ်ငါသိတယ် ငါ ငါ့ကို ယုံပါကွာ"

လှုပ်ရှားမူမရှိတဲ့ ရိပေါ်က ရှောင်းကျန့်ပြောတာကို နားထောင်နေမှန်းတော့ သိသားပါတယ်။
===

Second Chance (Complete)Where stories live. Discover now