Part 8

971 61 0
                                    

ကျန်းချန်ရဲ့ စကားသံအဆုံး ခွက်ချင်တိုက်တဲ့အသံ ဆူညံနေတဲ့ သီချင်းသံကြား အသိစိတ်လွတ်လာတဲ့ သူတွေ dance floor မှာ ကနေကျတဲ့သူတွေ မီးရောင်ဆုံးကြားလှုပ်ရှားနေကျတဲ့သူတွေ

'bar ရဲ့ night Color နဲ့ မီးရောင်အောက် တောက်ပစွာ ဖြားထွက်နေတဲ့ မျက်၀န်းတစ်စုံ ဖြောင့်စင်းလှတဲ့ နှာတံ နှူတ်ခမ်းဖူးဖူးလေး  ရယ်လိုက်တဲ့ ပေါ်ပေါ်လာတက်တဲ့ ယုန်သွားကြီး နှစ်ချောင်း နောက်ဆုံးအနေနဲ့  ကျရုံးရာဖြစ်တဲ့ နှုတ်ခမ်းအောက်က မှဲ့နက်လေး

'အရက်သောက်နေတုန်းကတောင်မမူးဘဲ နှုတ်ခမ်းအောက်က မှဲနက်လေးက မူးရစ်စေတယ်'

အချိန်တွေ ကုန်လာတာနဲ့အမျှ ခုံပေါ်မှောက်အိပ်နေတဲ့ကျန်းချန်က ပြန်ကို ထမလာတော့ဘူး သူစကားသူတည်ပါတယ် အမှောက်ကို သောက်ပြစ်တာ ၀မ်နင်းကတော့ မူးတယ်ဆိုပင်မဲ့ အသိစိတ် တော့ ရှိရုံတင်သာ ကိုရဲ့ ယုန်ကြီးကတော့ ဘေးမှာ ညိမ်ညိမ်လေးထိုင်ရင်း တစ်ခွက်ပြီး တစ်ခွက် ထက်သောက်နေပြန်တယ်

"ရှောင်ကျန့် ရှောင်ကျန့်"
"အမ် "
"ထက်မသောက်နဲ့တော့ ပြန်မယ်"
"အာ အင်း"

"၀မ်နင် မင်း ဒီကောင်ကို နိုင်တယ်မလား"
"အင်း ထင်တယ် မရရင်လဲအငှားကားခေါ် ပြန်လိုက်မယ် ငါတို့ကို စိတ်မပူနဲ့ "
"အဲ့ဆို ငါတို့ ထွက်နှင့်ပြီး"

"ရှောင်ကျန့် လမ်းလျောက်နိုင်လား"

Bar အရှေ့ရောက်ရုံသာရှိသေးတယ် လမ်းသေချာမလျောက်တော့တဲ့ ယုန်လေးကြောင့် စိတ်ပူရပြန်သည်။
"ရှောင်ကျန့် အဆင်ပြေလား"

"ရိပေါ် "
"ပြောလေ "
"ငါ ကို ချီပါလာဟင်   မင်းအဆင်ပြေမှပါ "

ရုတ်တစ်ရက် ဒူးထောက်ချလိုက်ပြီး ကျောကုန်းပေါ်  တက်ခိုင်းတာကြောင့် နှစ်ခါမစဉ်းစားဘဲ တက်လိုက်မိတယ်
"ရိပေါ် အခန်းမပြန်ချင်သေးဘူး"

"မင်းသဘော "
"ငါဒီလိုလေး မင်းကျောပေါ်နေချင်ခဲ့တာ"
"အရင်ထဲကပြောလေ "

ကျောပြင်ပေါ်က အမူးသမားလေးက အသက်ရူနှုန်း မှန်မှန်လေးနဲ့ အိပ်ပျော်သွားပြီး ။

'အခန်းမပြန်ချင်ဘူးဘဲ ပြောသွားတာလေ ဘယ်သွားချင်လဲကျ မပြောသွားဘူး ဒီ ယုန်ဆိုးကြီးဟာလေ'

ဘယ်သွားချင်လဲ မပြောတဲ့ ယုန်ဆိုးလေးကို အမူးပြေလာရင် စိတ်‌ထဲ လန်းဆန်းသွားအောင် မြစ်ဘေးကိုခေါ်လာလိုက်တယ်။

ညအမှောင်ကို အံတုလို့ အစွမ်းကုန်တောက်ပပေးနေတဲ့ ကောင်းကင်ထက်က ကြယ်လေးတွေက လှပပါတယ်
ခုံတန်းပေါ် အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ရိပေါ်တွေးမိပါတယ်

"ကြယ်လေးတွေက လှတယ် ဒါမဲ့ ရှောင်ကျန့် အလှကိုမမှီဘူး

ကြယ်လေးတွေက တောက်ပတယ် ဒါမဲ့ ရှောင်ကျန့် မျက်၀န်းညို ကိုမှီဘူး၊

  ကြယ်လေးတွေက လင်းလက်တယ် ဒါပင်မဲ့ ရှောင်ကျန့် မှဲ့နက်ကလေးကို မမှီပြန်ဘူး"

  "ကြယ်လေးတွေ မင်းတို့ တစ်ခြားသူအတွက်တော့မသိပင်မဲ့ ရှောင်ကျန့်နဲ့ ယှဉ်ရင် မင်းတို့ရှူံးတယ်။"

  မြစ်ကမ်းပါတစ်လျောက် စီးဆင်းနေတဲ့ ရေစီးသံ ကားသံ  သွားလာလှုပ်ရှားနေတဲ့ လူတွေရဲ့ စကားပြောသံ ရယ်မောသံ တီးတောသံတွေကို လှစ်လူရူရင်း အမူးသမားလေးက နှစ်ခြိုက်စွာ အိပ်စက်နေတယ် ။

  "ရှောင်းကျန့် ငါမှာသာ ဒုတိယအခွင့်အရေး မရှိခဲ့ရင် မင်းနဲ့ အခုလိုနီးစပ်နိုင်ပါမလား၊ ဒါမှမဟုတ် ဒီ ခွင့်အရေးက ငါအချစ်တွေ မင်းမြင်အောင်ပြဖို့အတွက်လား မင်းအနားမှာနေနိုင်ဖို့လား မင်းအတွက် စတေးခဲ့တဲ့ငါ နှလုံးသားကြောင့်လား "

  "အာ ကျွတ် ကိုက်လိုက်တာကွာ ခေါင်းက"
  "မသောက်နိုင်ဘဲ မင်းကအများကြီးသောက်လိုက်တာကို"
  "ရိပေါ်  ငါတို့ အခု မြစ်ဘေးမှာလား"

  "မင်းအခန်းမပြန်ချင်သေးဘူးဆိုလို မင်းနိုးလာရင် လေကောင်းလေသန့်ရအောင် "

  "အာ----- ငါဒီကို အမြဲ လာချင်နေခဲ့တာ[ မင်းနဲ့ ] "

  'တော်သေးတာပေါ့ သဘောကျလို့ '

  ခုန်ပေါက်နေတဲ့ ယုန်ပေါက်ကို ကြည့်ပြီး ရိပေါ် ခေါင်းခါမိပါတယ် ဒါလား အသက်ပြည့်ပြီးသား လူတစ်ယောက် ။

ကလေး အပြုအမူတွေနဲ့ လူကြီးလေးကို မြတ်နိုးလိုက်ရတာ၊

  "ရိပေါ် လာလေကွာ ထိုင်ဘဲ ထိုင်‌မနေနဲ့  ဒီကိုလား"
===

Second Chance (Complete)Where stories live. Discover now