နောက်ဆုံးနှစ် တက္ကသိုလ် နောက်ဆုံး စကားပွဲကို အားလုံးဖြေဆိုပြီးခဲ့တယ် ဒီကြားထဲ သူနဲ့ ရှောင်ကျန့်ရဲ့ ဆက်ဆံရေးက ပိုလို့ တိုးတက်လာခဲ့ပါတယ်
ဒါမဲ့ ဖွင့်မပြောကသေးဘူး ၀မ်နင်းနဲ့ ကျန်းချန်ကတော့ ဖွင့်ပြောလို့ဆိုပင်မဲ့
ရှောင်ကျန့်ရဲ့ စာပေါ် အာရုံစိုက်နိုင်စွမ်းကို အနှောက်ရူက်မဖြစ်စေချင်ဘူး
နောက်ဆုံး စာမေးပွဲပြီးမှ ဖွင့်ပြောဖို့တော့ စဉ်းစားထားတယ် အင်း ဒီနေ့ပေါ့ စာမေးပွဲပြီးတဲ့ အမှတ်တရ အနေနဲ့ ဘားသွားဖို့ လေးယောက်လုံး ဆုံးဖြတ်လိုက်တယ် ။
"ရိပေါ် ဒီနေ့ မင်းဖွင့်ပြောမလို့မလား "
၀မ်နင်းအမေးကို ခေါင်းသာညိမ့်ပြနိုင်တယ်
"သူလက်မခံရင် ဘယ်လိုလုပ်မလဲ"
"သူအဲ့လောက်မင်းပေါ်မရက်စက်ပါဘူးကွာ သူမင်းပေါ် ဘယ်လောက်ဂရုစိုက်လဲ ငါတို့ မြင်နေကတာဘဲလေ"
"ရိပေါ် ဖွင့်ပြောလို့ငြင်းရင် တစ်ခါထဲ ဆေးခတ်ပြီး အပိုင်သိမ်းလိုက်"ဘုန်း အ အား...
"နာတယ် ကွာ ၀မ်နင်းရ ီးမလို့ လာရိုက်တာလား"
"ကျန်းချန် မင်း အပိုင်သိမ်းခိုင်းတာ မင်းသူငယ်ချင်းအရင်းကြီးနော် "
"သိတယ်လေ ဒီဘက်က တစ်ယောက်ကလဲ ငါသူငယ်ချင်းအရင်းကြီးဘဲလေ"
"ကျန်းချန် မင်းပေးတဲ့ အကြံကလေ ဟိုကလက်ခံရင်တော့ ကောင်းတာပေါ့ကွ လက်မခံရင် နီးနေရာကနေ ပိုလိုတောင် ဝေးသွားအုံးမှာ အဲ့တာ မင်းသိလား"
"ရိပေါ် မင်း ဒီကောင်ပေးတဲ့ အကြံကလွဲရင် ကျန်တာသုံး "
"မင်းတို့က လူတောင် ဆုံးနေကျပြီးဘဲ "
အနားရောက်လာတဲ့ ရှောင်ကျန့်ကြောင့် စကားဝိုင်းလေးဟာ တိတ်ဆိတ်သွားတယ်
တိတ်ဆိတ်နေတဲ့ စကားဝိုင်းကို ၀မ်နင်းကသာ ဖြိုခွဲလိုက်တယ်။
"ရှောင်ကျန့် မင်းဘာသာ နောက်ကျပြီး အခန်းဖော်နဲ့တောင် မလိုက်လာနိုင်တာ ငါတို့က စောတာမဟုတ်ဘူး မင်းက နောက်ကျနေတာ..."
"မင်းကလဲ ပြောမယ်ဆိုတာကြီးဘဲ"
နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ အဆိုးလေးက အဲ့လို ဆူပုတ်ပုတ် မျက်နှာထားနဲ့နေတာ ဘယ်လောက်အန္တာရယ်များလဲ မသိလို့လား စတော်ဘယ်ရီလို ရဲနေတဲ့ အဲ့ နှုတ်ခမ်းဖူးဖူးလေးက ဘယ်လောက်ချိုမလဲ စတော်ဘယ်ရီ လိုချိုချဉ်လေး ဖြစ်နေမလား
ဒါမှမဟုတ် ဂျယ်လီတုန်းလေးလို့ အိစက်နေမလား တွေးရင်တောင် စားချင်လာပြီး ကိုယ်အန္တာရယ် ကိုမသိဘဲ လှချင်တိုင်း လှနေတဲ့ နေတဲ့ အဆိုးလေးကို နောက်မှ များများ အပြစ်ပေးကမယ်
"ထားပါကွာ ဒီည အမှောက်သောက်ကျမယ် အမူးဘဲ မပြန်ကျကြေး"
===
YOU ARE READING
Second Chance (Complete)
Fanfictionတိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..