Part 21

975 44 0
                                    

"အဲ့နေ့က ကလပ်မှာ မင်း ရှောင်းကျန့်ကို အခန်းထဲ ဝိတ်တာလေးနဲ့ ‌တွဲပို့ပေးပြီး အခန်းပြင်ကို ၀တိတ်တာနဲ့ အတူပြန်ထွက်လာတာ ဝိတ်တာကို ပိုက်ဆံပေးပြီး မင်းချက်ချင်း ပြန်ထွက်သွားခဲ့တာ မနက် ကျမှ မင်း အခန်းကို ပြန်လာခဲ့တာ မင်းရောက်ပြီး ဘယ်လောက်မှ မကြာဘူး မင်းမိဘတွေ ရောက်လာခဲ့တာ  မင်းညာနေတာ ရပ်လိုက်တော့ "

"ရှင် ရှင်ဘာသိလို့လဲ ကျွန်မနဲ့ ကျန့် အတူအိပ်ပြီးးးးး"

'ဖောင်းးးးး'

ရိုက်ခံလိုက်ရတဲ့ ပါးပြင်တစ်ဖက်ကို ကိုင်ပြီး မယုံကြည်နိုင်တဲ့ မျက်၀န်းတွေနဲ့ ဖခင်ကို ကြည့်မိတယ် ဒီနေ့ ဒီအချိန်ထိ ပါးရိုက်ဖို့အနေသာသာ လေသံတောင်မမာဘူးတဲ့ ဒယ်ဒီက အခု ပါးရိုက်လိုက်တာလား။

"ရှင်ဘယ်လို လုပ်လိုက်တာလဲ ကျွန်မသမီးကို "
"မင်းပါးစပ်ပိတ်ထား မင်းအဲ့လို ရှေ့က ကားစီးကာစီး လုပ်နေလို မင်းသမီး အခုလို ပျက်စီးနေတာ ကြည့်စမ်း ဘယ်လောက်တောင် အရူက်တရားမရှိလိုက်လဲ ယောင်္ကျားလေးတစ်ယောက်ကို ဆေးခပ်ပြီး ဘာမှမဖြစ်တာကို ဖြစ်တယ်ဆိုပြီး တာ၀န်ယူခိုင်းတာ ဘယ်လောက်တောင် အရူက်တရားမရှိလိုက်လဲ"
"တော်ပါတော့ ‌ရှင် ကျွန်မသမီးလေးကို တော်ပါတော့ အဲ့လောက်မပြောပါနဲ့တော့ "
"သမီးချူးချူး မာမီကို အမှန်တိုင်းပြောပြနော် အဲ့နေ့က ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ "
"ဘာကို အမှန်တိုင်းပြောရမှာလဲ မာမီကလဲ သူ သူ အဲ့ကောင် (idol ကိုထိခိုက်လိုစေစိတ်မရှိပါ) သူလိမ်နေတာ သမီးနဲ့ ရှောင်းကျန်းက အဲ့နေက မှားသွားခဲ့ပြီးပြီး အတူတူအိပ်ပြီးကျပြီး မာမီရဲ့ ဟုတ်တယ် ဟုတ်တယ် အခုလေးတင် သမီး ဆေးရုံက ပြန်လာတာ ရှောင်းကျန့်နဲ့ သမီးရတဲ့ ကိုယ်၀န် သမီးမှာ ရှိနေပြီး မာမီရဲ့ မာမီ မယုံရင်---"

"ချားဟယ်ချူး နင်ဒီလောက်နဲ့ဘဲ ရပ်တော့ ငါတို့ကိုမိဘတွေလိုသဘောထားရင် ဆက်ပြီး အရူက်ခွဲမနေနဲ့တော့ ရော့ နင်ပြောတဲ့ အိပ်တယ် ဆိုတာ ဒါလား "

'ဘုန်းးးးးး'

စားပွဲခုံပေါ် ပြစ်ချလိုက်တဲ့ ကွန်ပြုတာက video file ကို ကြည့်ရင်း ချားဟယ်ချူးတစ်ယောက် သွေးပျက်စွာ ထိုင်ချလိုက်မိတယ်

Second Chance (Complete)Where stories live. Discover now