Part 5

1K 74 0
                                    

"အယ် ဘယ်ရောက်သွားတာလဲ ဒီမှာ‌ဘဲစောင့်နေဆိုတာကို "

စောင့်ခိုင်းတဲ့ နေရာမှာမရှိတဲ့ သူကို လိုက်ရှာရင်း လက်ထဲကရေခဲမုန့်လေးလို့ ရင်ဘက်ထဲ ပူလို့ နှလုံးသားလဲ အရည်ပျော်နေပြီး ရေခဲမုန့်လေသာ အပူကြောင့် အရည်ပျော်လာပင်မဲ့ ရေခဲမုန့်လေးကိုစားသုံးမဲ့ ပိုင်ရှင်ဟာမဲ့နေတယ်။
ရူတ်ထွေးလာတဲ့ စိတ်ကြောင့်  ခုံတန်းလေးပေါ်ထိုင်ချလိုက်မိတယ်
' ဒီလိုမျိုး ဖြစ်မလာအောင် ဂရုစိုက်နေပါ့လျှက်နဲ့ ကွာ '

  နားထဲ နှာစွင့် နားဖျားကြားလာရတဲ့အသံကြောင့် ခဏကိုယ်က သတိအနေအထားနေမိသွားတယ် သူက အတိတ်က အရာတွေကိုသိနေရက်နဲ့ ဒါကိုမေ့သွားတာ သူမ သူမ ကဒီအချိန် ဂိမ်းဆော့ဖို့ လူရှာတယ်ဆိုပြီး ရှောင်ကျန့်ကိုအကူညီတောင်းမှာလေ

  "အား! "

  သူအော်သံကြောင့် ဘေးကလူတွေ လှည့်ကြည့်ပင်မဲ့ သူအခုချိန်မှာ ဂရုမစိုက်အား အခုချိန်မှာ သူဂရုစိုက်တာ သူမနဲ့ အတူတူ ဂိမ်းမဆော့လိုက်ပါနဲ့ အုံး နောက်မဆို သူအတွက် အခွင့်အရေးတွေ ဒုတိယ အကြိမ်  ဟင်အင်း အဲ့လို မဖြစ်ကဘူး

  လက်ထဲက ရေခဲမုန့်လေးကို ကျစ်နေအောင် စုပ်ထားရင်း အပြေးအလွှာ အပေါ်ဆုံးထပ်ကို ပြေးတပ်မိတယ် ပတ်၀န်းကျင်ကိုလဲ ဂရုမစိုက်မိ အခုဏ နားစွံ နားဖျားကြားလိုက်မိတဲ့ mc အော်လိုက်တဲ့ ရှောင်းရှောင်ကျန့် ဆိုတဲ့ နမည်လေးကိုလဲ လစ်လျှုရှူရင်းပေါ့

  အပေါ်ဆုံးထပ်ကိုရောက်တော့ လူအုပ်ကြားထဲ တိုးဝေ့ရင်း သူကို ရှာမိတယ်  တွေ့ပါပြီး နောက်တစ်ကြိမ် စင်ပေါ်တက်ကစားမဲ့ ချစ်သူစုံတွဲတွေ ကြားထဲ သူမနဲ့ ရယ်မောရင်းစကားပြောနေတာ

  နာလိုက်တာ ရင်ဘက်ထဲက ဒီမြင်ကွင်းကိုမြင်ကတာ တစ်ချိန်က သူမနဲ့ အတူ အခုလို စကားပြောရင်း သူကို လစ်လျှုရှူခဲ့ဘူးတယ်မလား မနီးစပ်တဲ့ သူတို့ဆက်ဆံရေးကြားမှာ သူမရောက်လာတဲ့ အချိန်က စပြီး သူတို့ ဆက်ဆံရေးက ပို၍ဝေးကွာခဲ့ကျတာမလား

  မဖြစ်ရဘူး အရင်လို မဖြစ်ရဘူး  လူတွေကြားတိုးဝေ့ရင်း

  "ရှောင်ကျန့် ရှောင်ကျန့်"

Second Chance (Complete)Dove le storie prendono vita. Scoprilo ora