Part 18

895 43 0
                                    

'ရှောင်းကျန့် မင်းကငါကို ရူးအောင်ပြုစားနေတော့တာဘဲကွာ'

ရှောင်းကျန့် ရေချိုးနေတုန်း ဖုန်းထဲက အချက်အလက်တွေကို Computer ကတစ်ဆင့် USB ထဲ လွဲထည့်နေရင်း ခြေသံကြားလို့ လှည့်ကြည့်မိတော့ မိုးပြာရောင် လက်ရှည်လေးနဲ့ ဘောင်ဘီးဖျြု လေး၀တ်ထားတဲ့ ရှောင်းကျန့်က နတ်သားလေးလိုဘဲ လှပလွန်းတယ် ရေချိုးပြီးခစ ခေါင်းလျော်ထားလို့ မစိုမခြောက်ဖစ်နေတဲ့ ဆံသားတစ်ချို့ဟာ တို့လို့ လွဲတောင်း ဖြစ်နေပင်မဲ့ အသက် အလှကို ပိုလိုပင်တိုးစေတယ်။ မျက်နှာထက် ကပ်တွဲနေတဲ့ ရေစက်ဟာလဲ သူအပြိုင်ကို အပြိုင် အသက်မျက်နှာပြင်ထက်နေရာ လှနေကျတယ်။

'ဟူး...ဒီပုံစံအတိုင်းဆို အသက်ကို သွားလေးရာ ဖွက်သွားလို့ ရအောင် သေးသေးလေး‌လုပ်ပြီး အိတ်ကပ်ထဲ ထည့်ထားမိချင်ပါရဲ့'

"ရိပေါ်  ---- ရိပေါ် ----- ၀မ်ရိပေါ်"
"အမ် ဟမ် ဘာ ဘာပြောလိုက်တာလဲ အသက်"
"ငါမင်းကို ခေါ်နေတာ ကြာပြီး  ၀င်လာထဲက ကြောင်ကြည့်နေတာ ငါပုံစံက အရမ်းဆိုးနေလို့လား ငါ ငါ မျက်နှာ အ‌ရမ်းဖောင်းနေလို့လား ရိပေါ် ငါ အင်္ကျီ ပြန်လဲလိုက်ရမလား  အဲ့လိုကြီး ကြည့်မနေနဲ့လေ တစ်ခုခု ပြောပါအုံးလား"
"လှတယ် "
"ဟမ်း  ဘာ ဘာကို"
"အရမ်းလှတယ် ယောင်္ကျား‌တစ်ယောက်က ဒီလောက်လှဖို့ လိုအပ်လို့လား"

အခုဏထိ ငိုမဲ့မဲ့ ဖြစ်နေပင်မဲ့ ပြောလိုက်တဲ့ စကားကြောင့် မျက်၀န်းညို လေးက ဝိုင်းစက်ပြီး ပန်းရောင်သန်းနေတဲ့ ခပ်ဖူးဖူး နှူတ်ခမ်းတစ်စုံဟာလဲ ခပ်ဟဟပွင့်ဖူးနေတယ်

"အား....ဘာလေးလဲ အသက်ရာ ကိုကိုယ် အခုလို့ ပုံစံနဲ့ အသေသက်ဖို့ စိတ်ကူးထားတာလား"
"ဟမ် ဘာကိုလဲ ရိပေါ် "
"ကို တစ်ကယ် သေတော့မယ် မင်းကြောင့်  မင်းကို အခု အရမ်း နမ်းချင်နေတာ ဟူး..ဒါပင်မဲ့ အခုလွတ်ပေးလိုက်မယ်  သွားရအောင်"

ကားပေါ် ရောက်တဲ့ အထိ မဝံ့မရဲ ဖြစ်နေတဲ့ အသက်ကို ကိုသတိထားမိတာပေါ့

"တစ်ခုခု ပြောချင်လို့လား"
"အာ အခု အခု ဘယ်သွားတာလဲ "
"ကိုပြောပြရင်စိတ်မဆိုးဘူးဆိုတာထက် မလန့်သွားဘူးလို့ ကတိပေး "
" ရိပေါ် ငါကြောက်အောင် မခြောက်နဲ့နော်"
"ဘယ်ကသာ ဘာမှ ကြောက်စရာမလိုဘူး မင်းဘေးမှာ ကိုတစ်ယောက်လုံးရှိတယ်  ကိုတို့အခု ချားဟဲချူး တို့အိမ်သွားမှာ ဖြေးရှင်းစရာရှိတာတွေ တစ်ခါထဲ အပြတ်ဖျက်ခဲ့မလို့"
"ရိ ရိပေါ် သူတို့က ငါကို သူမ သူမနဲ့ လက် လက်ထက်ဖို့ မင်း မင်းကပါ ငါကို သူတို့လက်ထဲ ထည့်....ထည့်မလို့လား "
"ရှောင်းကျန့် မင်းပြောတော့ ကိုကိုယ် ယုံကြည်တယ်ဆို "
"ဒါမဲ့ အ အ အခုက"
"ရှူး...ကိုကိုယ် ဘဲကြည့်နေ ဟုတ်ပြီးလား တစ်ခြားသူတွေ အကြောင်းမတွေးနဲ့ ကိုအကြောင်းဘဲ တွေး တစ်ခြားသူတွေကို မကြည့်နဲ့ ကိုကိုယ် ဘဲကြည့် သူတို့ကို ကြောက်စရာမလိုဘူး ကိုရှိတယ် "
"အင်းပါ ငါမင်းကို အဆုံးထိ ယုံကြည့်လိုက်မယ်"

ချစ်ရသူလက်တစ်ဖက်ကို ကိုင်ရင် ချစ်ရသူ အတွေးမများစေဖို့ စကားတွေ ဖောင်းဖွဲပြောပေးရင်း ကားလေးတစ်စီးဟာ အရိုန်မှန်မှန်နဲ့ မောင်းနှင်းနေတယ်။ ကားမောင်းတဲ့သူကလဲ အတွေးကမ္ဘာထဲ ကြင်လည်နေသလို ဘေးတစ်ဖက်မှာထိုင်နေတဲ့ သူရဲ့အတွေးဟာလဲ ရောက်ရက်ခတ်နေတယ်။

'ဒါတွေ အားလုံးပြီးဆုံးသွားရင် ငါမင်းကိုဘယ်လောက်ချစ်ကြောင်းတွေ ဖွဲ့နွဲ့ပြမှာမလို့ ခဏလောက်ဘဲ သီးခံပါအသက်ရယ်'
'ရိပေါ် ဒီတစ်ခေါက်တော့ မင်းလဲငါကိုလက်မလွတ်နဲ့နော် ငါလဲ မင်းကို လက်မလွတ်မှာမလို့ မင်းကငါကိုထားခဲ့လို့မရဘူးနော်
ဒီတစ်ကြိမ်တော့ ငါတို့ လက်တွေ မြဲကျရအောင်'။
===

Second Chance (Complete)Where stories live. Discover now